စစ်ကောင်စီက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုး တရားစွဲဆို

စစ်ကောင်စီက ပထမဆုံး သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဒီနေ့မှာပဲ ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဗီဒီယိုအွန်းလိုင်းစနစ် video conferencing နဲ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ် ။အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ သဘာဝဘေးအန္တရာယ်စီမံမှုဥပဒေ ပုဒ်မ ၂၅၊သမ္မတ ဦးဝင်းမြင့်ကိုတော့ သဘာဝဘေးအန္တရာယ် စီမံမှု ပုဒ်မ ၂၅ တို့နဲ့ ဒီနေ့ တရားစွဲတင်ခဲ့ပါတယ်။မူလက အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့သာ

တရားစွဲဆိုထားရာကနေ သဘာဝဘေးအန္တရာယ်စီမံမှု ဥပဒေပုဒ်မ ၂၅ ကို ထပ်မံတိုးပြီး တရားစွဲခဲ့တာပါ။ဒေါ်အောင်ဆန်းစုကြည်ကို သဘာ၀ ဘေးအန္တရယ် စီမံမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ ထပ်တိုးတရားစွဲခဲ့တာဟာ ရွေးကောက်ပွဲ မတိုင်ခင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်က နေအိမ်ရှေ့မှာ ကားဆိုင်ကယ်တွေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး လှည့်လည်တဲ့ သူတွေကို နှုတ်ဆက်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ကိုဗစ်စည်းကမ်း ဥပဒေနဲ့ ငြိစွန်းလို့ တရားစွဲဆိုတာဖြစ်ကြောင်း ဇဗ္ဗူသီရိမြို့နယ် တရားရုံးသတင်း ပြန်ကြားရေးအရာရှိ တွဲဖက်

မြို့နယ်တရားသူကြီး ဒေါ်နန်းအေးမြသီရိ က ပြောပါတယ်။ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ တရားစွဲဆိုထားတာက ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ဝင်ရောက် ရှာဖွေရာမှာ တရားမဝင် တင်သွင်းအသုံးပြုတဲ့ စကားပြောစက်တွေကို ရှာဖွေတွေ့ရှိခဲ့လို့ဆိုပြီး တရားစွဲခံထားရတာလို့ ဒေါ်နန်းအေးမြသီရိ က ပြောပါတယ်။ဒေါ်အောင်ဆန်းစုကြည်အတွက် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီက ငှားရမ်းထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က လိုက်ပါဆောင်ရွက်မှာဖြစ်ပေမယ့် သမ္မတ ဦးဝင်းမြင့်ကတော့ သူကိုယ်တိုင်လည်း ဥပဒေသမားရှေ့နေ တစ်ဦးဖြစ်တဲ့အတွက် ရှေ့နေ ငှားရမ်းလိုခြင်း မရှိဘူးလို့ ဒီနေ့ တရားရုံးထုတ်မှာ ပြောခဲ့ပါတယ်။သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲဆိုထားတဲ့ အမှု ၃ ခုမှာ သက်သေ ၉ ဦးစီပါရှိကြောင်းနဲ့ အဲဒီ အမှုတွေကို ဥပဒေနဲ့ အညီလွတ်လွတ်လပ်စွာ တရားစီရင်နေတယ်လို့ တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်နန်းအေးမြသီရိက ဆိုပါတယ်။ဒုတိယအကြိမ်ရုံးထုတ်ကိုတော့ မတ်လ ၁ ရက်နေ့မှာ ဆောင်ရွက်သွားမှာပါ။ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈) ဟာ အများဆုံး ထောင်ဒဏ် သုံးနှစ် ဒါမှမဟုတ် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။သမ္မတ ဦးဝင်းမြင့်ကို စွဲထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဟာ အများဆုံး ထောင်ဒဏ် သုံးနှစ်နဲ့ ငွေဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

RFA Burmese

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *