အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် တို့ကို VIDEO CONFERENCING ဖြင့် ရုံးထုတ်ပြီး တရားစွဲတင်”

ရန်ကုန် – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်းဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ရဲတပ်ဖွဲ့က တရားစွဲဆိုထားသည့်အမှုတွဲကို ယနေ့ ဇဗ္ဗူသီရိမြို့နယ်တရားရုံးသို့တင်သွင်းလိုက်ကြောင်း အဆိုပါ တရားရုံး ပြန်ကြားရေးအရာရှိ ဒေါ်နန်းအေးမြသီရိက အတည်ပြုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊သွင်းကုန် ဥပဒေပုဒ်မ(၈)အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ(၂၅) စသည့်ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားပြီး သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ(၂၅)ဖြင့် တရားရုံးသို့တင်သွင်းလိုက်ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဌားရမ်းပေးသည့် ရှေ့နေကို လက်ခံမည်ဖြစ်ပြီး သမ္မတဦးဝင်းမြင့်မှာ ရှေ့နေတစ်ယောက်ဖြစ်၍ ကိုယ်တိုင်ထုချေရန် ပြောဆိုကြောင်း တရားရုံး ပြန်ကြားရေးအရာရှိက ပြောသည်။

ယနေ့တွင် Video Conferencing ဖြင့် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်သော်လည်း ထိန်းသိမ်းထားသည့်နေရာကို တရားရုံးကပြောဆိုခြင်းမရှိပေ။
အဆိုပါအမှုအတွက်ရုံးချိန်းကို လာမည့် မတ်လ၁ရက်တွင် ပြန်လည်ချိန်းဆိုထားသည်။

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *