ဖေဖော်ဝါရီ ၁၈
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလီဗန်နဲ့ ဗြိတိန် အကြံပေး စတီဗင် လဗ်ဂရိုဗ်တို့ဟာ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံ အခြေအနေတွေအပါအဝင် တရုတ်နဲ့ အီရန်နိုင်ငံတွေနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်ထုတ်ပြန်ချက်ကို ကိုးကားပြီး Sputnik သတင်းက ဖော်ပြသွားပါတယ်။

အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ခ်ဆူလီဗန်နဲ့ ဗြိတန်ဝန်ကြီးချုပ်ကိုယ်စားလှယ် အမျိုးသားလုံခြုံရေး အကြံပေး စတီဗင် လဗ်ဂရုဗ်တို့ ဒီကနေ့ ဖုန်းစကားပြောခဲ့ပါတယ်။ ဗြိတိန်ရဲ့ G7 ဥက္ကဌကို အမေရိကန်အစိုးရက ထောက်ခံကြောင်းနဲ့ ယခုတစ်ပတ်အတွင်း ပြုလုပ်မယ့် ခေါင်းဆောင်တွေ ထိပ်သီးအစည်းအဝေးကို ကြိုဆိုကြောင်း မစ္စတာဆူလီဗန်က ပြောကြားခဲ့တယ်။

အဆိုပါ ဖုန်းဆက်သွယ်ပြောဆိုမှုအတွင်း အာဖဂနစ္စတန်၊ မြန်မာ၊ တရုတ်နဲ့ အီရန်နိုင်ငံတွေနဲ့ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒ ဦးစားပေးမှုတွေနဲ့ပတ်သက်ပြီး ဆက်လက်ညှိနှိုင်း ဆောင်ရွက်မယ့်အကြောင်းတွေကိုလည်း သဘောတူညီခဲ့ကြတယ်လို့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက အိမ်ဖြူတော်ထုတ်ပြန်ချက်အတွင်း ဖော်ပြသွားပါတယ်။
#MyanmaPlatform #International