
တပ္မေတာ္မွ အေရးေပၚအေျခအေနေၾကညာၿပီးေနာက္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွ ၁၉ ရက္ေန႔အထိ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံရသူ လူဦးေရ ၅၀၀ ေက်ာ္ရွိေၾကာင္း နိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
နိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ၏ မွတ္တမ္းျပဳခ်က္မ်ားအရ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ယေန႔အခ်ိန္ထိ စုစုေပါင္း ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၅၄၆) ဦးထိရွိခဲ့ၿပီျဖစ္သည္။
၎တို႔အနက္မွ ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၄) ဦး၊ ဖမ္းဝရမ္းႏွင့္ အမႈဖြင့္ျခင္းခံထားရသူ (၃၂) ဦး၊ အမႈဖြင့္ျခင္းခံထားရသူ (၃) ဦးႏွင့္ ျပန္လည္လြတ္ေျမာက္လာသူ (၄၆) ဦးရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါဝင္သည္။

လက္ရွိအခ်ိန္အထိ (၅၀၀) ဦးမွာ ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရေၾကာင္း နိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) အေနျဖင့္ လက္ရွိအေျခအေနမ်ားကို ေန႔စဥ္ ေစာင့္ၾကည့္မွတ္တမ္းတင္သြားမည္ျဖစ္ၿပီး စစ္အာဏာသိမ္းမႈႏွင့္ပတ္သက္၍ ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူမ်ား၏ စာရင္းကို ေန႔စဥ္ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါဝင္သည္။
အရပ္ဘက္အဖြဲ႕အစည္းမွ ေခါင္းေဆာင္မ်ား၊ အရပ္သားမ်ား၊ တက္ႂကြလႈပ္ရွားသူမ်ား၊ သတင္းသမားမ်ား၊ ဆရာ/ဆရာမမ်ားစသည့္ နယ္ပယ္အသီးသီးမွ မည္သူမဆို ဖမ္းဆီး၊ထိန္းသိမ္းျခင္းခံထားရသည္ကို သိရွိပါက နိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ကို ဆက္သြယ္သတင္းေပး နိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
လက္ရွိ CDM လႈပ္ရွားမႈမ်ားတြင္ ပါဝင္သည့္ အႏုပညာရွင္တခ်ိဳ႕ႏွင့္ ထင္ရွားေက်ာ္ၾကားသူမ်ား ဖမ္းဝရမ္းထုတ္ကာ ရွာေဖြဖမ္းဆီးလ်က္ရွိသည္။
PeopleMedia
Unicode
တပ်မတော်မှ အရေးပေါ်အခြေအနေကြေညာပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ လူဦးရေ ၅၀၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၅၄၆) ဦးထိရှိခဲ့ပြီဖြစ်သည်။
၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ ဖမ်းဝရမ်းနှင့် အမှုဖွင့်ခြင်းခံထားရသူ (၃၂) ဦး၊ အမှုဖွင့်ခြင်းခံထားရသူ (၃) ဦးနှင့် ပြန်လည်လွတ်မြောက်လာသူ (၄၆) ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
လက်ရှိအချိန်အထိ (၅၀၀) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေဖြင့် လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ ဆရာ/ဆရာမများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသည်ကို သိရှိပါက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ဆက်သွယ်သတင်းပေး နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိ CDM လှုပ်ရှားမှုများတွင် ပါဝင်သည့် အနုပညာရှင်တချို့နှင့် ထင်ရှားကျော်ကြားသူများ ဖမ်းဝရမ်းထုတ်ကာ ရှာဖွေဖမ်းဆီးလျက်ရှိသည်။
PeopleMedia