“ရွေးကောက်ပွဲလုပ်ဖို့ပြောနေတာ ပြည်တွင်းရေးစွက်ဖက်နေတာပဲ”

မြန်မာနိုင်ငံအနေနဲ့ နောက်ထပ်ရွေးကောက်ပွဲတစ်ခု မလိုဘူးလို့ စထရိတ်တိုင်းမ်သတင်းစာကို ဒေါက်တာဆာဆာက ဒီကနေ့ပြောလိုက်ပါတယ်။ “ကျနော်တို့မှာ ရွေးကောက်ပွဲကျင်းပပြီးသား။ ဘာလို့နောက်ထပ်ရွေးကောက်ပွဲထပ်လုပ်ရမှာလဲ။ ကျနော်တို့ ပါးစပ်ပိတ်နေမှာမဟုတ်ဘူး။ နောက်တစ်ခါလည်း အလိမ်ခံမှာမဟုတ်ဘူး။ ရွေးကောက်ပွဲတွေကို နောက်စရာပြောင်စရာလို သဘောမထားသင့်ပါဘူး”လို့ ဒေါက်တာဆာဆာက ဆိုပါတယ်။အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်လုပ်ပေးမယ်ပြောတဲ့ ရွေးကောက်ပွဲကိုဖြစ်အောင် တွန်းအားပေးနေရင်တော့ သမိုင်းကပဲ ဆုံးဖြတ်ပေးသွားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။စစ်ဗိုလ်ချုပ်တွေနဲ့သွားတွေ့ပြီး ခင်ဗျားတို့ပြောထားသလို ရွေးကောက်ပွဲကို လုပ်ရမယ်လို့ပြောတာဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာပဲလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ တုန့်ပြန်လိုက်ပါတယ်။“ကျနော်တို့ဟာ ပြည်တွင်းရေးကို ဝင်မစွက်ပါဘူးလို့ သူတို့ပြောတယ်ဆိုရင်တော့ သူတို့အနေနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက်ပဲ စေ့စပ်တာမျိုးလုပ်သင့်ပါတယ်။ ဒီလို တွေ့ဆုံတဲ့အခါမှာလည်း အာဆီယံအိမ်နီးချင်းတွေကို စားပွဲဝိုင်းထဲ လေ့လာသူအဖြစ် ထည့်နိုင်ပါတယ်”လို့ စထရိတ်တိုင်းမ် သတင်းစာကို ဒေါက်တာဆာဆာက ပြောလိုက်ပါတယ်။သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဖြစ်စေချင်တယ်ဆိုရင် စစ်တပ်၊ ရွေးကောက်ခံလွှတ်တော်အမတ်တွေနဲ့ သပိတ်တိုက်ပွဲဝင်တဲ့သူတွေကြား တွေ့ဆုံရမှာပါလို့ သူကဆိုပါတယ်။အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုဟာ ဒီကနေ့ ဘန်ကောက်မှာ စစ်ကောင်စီရဲ့ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်နဲ့ တံခါးပိတ်တွေ့ဆုံခဲ့ပါတယ်။

Kamayut Media

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *