မနေ့က ကုလ အစည်းအဝေးမှာ CRPH ကို ကိုယ်စားပြု ပြောကြားခဲ့တဲ့ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို ဝန်ထမ်း အဖြစ်က ထုတ်ပစ်တယ်လို့ ကြေညာ

မနေ့က ကုလသမဂ်ဂ အစည်းအဝေးမှာ NLD အစိုးရနဲ့ CRPH ကို ကိုယ်စားပြု ပြောကြားခဲ့တဲ့ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို နိုင်ငံကို သစ္စာဖောက်ဖျက်မှု၊ အမြဲတမ်း သံအမတ်ကြီးရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တို့ကို အလွဲသုံးစားပြုခဲ့မှုအတွက် ဖေဖော်ဝါရီ ၂၇ ရက်က စပြီး ဝန်ထမ်းအဖြစ်က ထုတ်ပစ်ခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။

ဦးကျော်မိုးထွန်း ကုလ အစည်းအဝေးတက်ရောက်တဲ့နေ့မှာပဲ စစ်ကောင်စီက အခုအချိန်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်းနဲ့ အဲဒီ အမိန့်ကို ချိုးဖောက်ပြီး လက်နက်နဲ့ ဆန္ဒပြတာ၊ ဝန်ထမ်းက အာဏာဖီဆန်တာ၊ နိုင်ငံ ငြိမ်ဝပ်ပိပြားရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေရဲ့ ဆောင်ရွက်မှု နှောင့်နှေး ပျက်ပြားအောင်ဆောင်ရွက်မှုတွေ စတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ရင် အဲဒီချိုးဖောက်သူတွေကို နိုင်ငံတည်ငြိမ်ရေးကို ရှေးရှုပြီး အနည်းဆုံး ထောင်ဒဏ် ၆ လကနေ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ အပြစ်ပေးနိုင်တဲ့ ပုဒ်မတွေနဲ့ အရေးယူမယ်လို့ ကြေညာထားပါတယ်။

Source:BBC

Zawgyi

မေန႔က ကုလ အစည္းအေဝးမွာ NLD အစိုးရနဲ႔ CRPH ကို ကိုယ္စားျပဳ ေျပာၾကားခဲ့တဲ့ ျမန္မာ သံအမတ္ ဦးေက်ာ္မိုးထြန္းကို နိုင္ငံကို သစၥာေဖာက္ဖ်က္မႈ၊ အျမဲတမ္း သံအမတ္ႀကီးရဲ့ တာဝန္နဲ႔ လုပ္ပိုင္ခြင့္တို႔ကို အလြဲသုံးစားျပဳခဲ့မႈအတြက္ ေဖေဖာ္ဝါရီ ၂၇ ရက္က စၿပီး ဝန္ထမ္းအျဖစ္က ထုတ္ပစ္ခဲ့ၿပီး ျဖစ္တယ္လို႔ နိုင္ငံျခားေရး ဝန္ႀကီးဌာနက ႐ုပ္ျမင္သံၾကားက ေၾကညာခဲ့ပါတယ္။

ဦးေက်ာ္မိုးထြန္း ကုလ အစည္းအေဝးတက္ေရာက္တဲ့ေန႔မွာပဲ စစ္ေကာင္စီက အခုအခ်ိန္မွာ ပုဒ္မ ၁၄၄ ထုတ္ျပန္ထားေၾကာင္းနဲ႔ အဲဒီ အမိန္႔ကို ခ်ိဳးေဖာက္ၿပီး လက္နက္နဲ႔ ဆႏၵျပတာ၊ ဝန္ထမ္းက အာဏာဖီဆန္တာ၊ နိုင္ငံ ၿငိမ္ဝပ္ပိျပားေရးေဆာင္ရြက္ေနတဲ့ အဖြဲ႕ေတြရဲ့ ေဆာင္ရြက္မႈ ေႏွာင့္ေႏွး ပ်က္ျပားေအာင္ေဆာင္ရြက္မႈေတြ စတဲ့ လုပ္ေဆာင္ခ်က္ကို လုပ္ေဆာင္ရင္ အဲဒီခ်ိဳးေဖာက္သူေတြကို နိုင္ငံတည္ၿငိမ္ေရးကို ေရွးရႈၿပီး အနည္းဆုံး ေထာင္ဒဏ္ ၆ လကေန အျမင့္ဆုံး ေထာင္ဒဏ္ ႏွစ္ ၂၀ အထိ အျပစ္ေပးနိုင္တဲ့ ပုဒ္မေတြနဲ႔ အေရးယူမယ္လို႔ ေၾကညာထားပါတယ္။

Source:BBC

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *