ပြည်သူလူထု အတွက် စတုဒီသာ အလှူမှာ ပါဝင်အားဖြည့် ရင်း ဆန္ဒဖော်ထုတ်ခဲ့တဲ့ အောင်မင်းခန့်

နှုတ်ခမ်းနီမ လေးတွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အောင်မင်းခန့် ကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း ကိုယ်တိုင် ပါဝင်နေတာဖြစ်သလို ပါဝင်နေကြတဲ့ ပြည်သူတွေကိုလည်း စားစရာတွေလှူဒါန်းလေ့ ရှိပါတယ်။ ခုချိန်မှာတော့ အနုပညာလော ကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ နေ့စဉ်နဲ့အမျှ အားမလျော့ဘဲ ရပ်တည်ကာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လျက် ရှိနေတာကို အားလုံးမြင်တွေ့ရမှာပါနော်။

ါ့အပြင် နိုင်ငံအတွက် ရဲရဲဝင့်ဝင့် မမောမပန်းနိုင်အောင် လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ ပြည်သူတွေကို အနုပညာရှင်အများအပြားကလည်း ဝိုင်းဝန်းကာ တတ်နိုင်သလောက် အစားအသောက်တွေ ပေးဝေလှူဒါန်းခဲ့တာကိုလည်း ကြည်နူးစရာတွေ့မြင်ရ ပါတယ်။

အခုလည်း အောင်မင်းခန့်ဟာ သူငယ်ချင်းတွေရဲ့ စတုဒီသာ အလှူလေးမှာ ပါဝင်အားဖြည့်ကာ ကူညီခဲ့ပြန်ပါတယ်။ ပုံလေးတွေနဲ့အတူ ” စားတဲ့သူကလဲအားရပါးရ လှူတဲ့သူကလဲအားရပါးရ အားရပါးရလှူနေစားနေရင်းကို အားရပါးရ ပြေးခဲ့ရတယ် တချို့ဆို ဆာနေရင်းကို မစားလိုက်ရဘူး “ဆိုတဲ့စာလေး ကိုဝေမျှထားရာ ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Zawgyi

ႏႈတ္ခမ္းနီမ ေလးေတြရဲ႕ ခ်စ္ခင္အားေပးမႈကို အခိုင္အမာရယူထားနိုင္ခဲ့တဲ့ ေအာင္မင္းခန႔္ ကေတာ့ လူထုလႈပ္ရွားမႈေတြမွာလည္း ကိုယ္တိုင္ ပါဝင္ေနတာျဖစ္သလို ပါဝင္ေနၾကတဲ့ ျပည္သူေတြကိုလည္း စားစရာေတြလႉဒါန္းေလ့ ရွိပါတယ္။ ခုခ်ိန္မွာေတာ့ အႏုပညာေလာ ကမွာ ေအာင္ျမင္မႈေတြအခိုင္အမာနဲ႔ ရပ္တည္ေနၾကတဲ့ အႏုပညာရွင္ေတြဟာ လတ္တေလာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြနဲ႔အတူ ေန႔စဥ္နဲ႔အမၽွ အားမေလ်ာ့ဘဲ ရပ္တည္ကာ တစ္ေထာင့္တစ္ေနရာကေန ပါဝင္လ်က္ ရွိေနတာကို အားလုံးျမင္ေတြ႕ရမွာပါေနာ္။

ဒါ့အျပင္ နိုင္ငံအတြက္ ရဲရဲဝင့္ဝင့္ မေမာမပန္းနိုင္ေအာင္ လမ္းေပၚထြက္ကာ လူထုလႈပ္ရွားမႈေတြ ျပဳလုပ္ေနတဲ့ ျပည္သူေတြကို အႏုပညာရွင္အမ်ားအျပားကလည္း ဝိုင္းဝန္းကာ တတ္နိုင္သေလာက္ အစားအေသာက္ေတြ ေပးေဝလႉဒါန္းခဲ့တာကိုလည္း ၾကည္ႏူးစရာေတြ႕ျမင္ရ ပါတယ္။

အခုလည္း ေအာင္မင္းခန႔္ဟာ သူငယ္ခ်င္းေတြရဲ့ စတုဒီသာ အလႉေလးမွာ ပါဝင္အားျဖည့္ကာ ကူညီခဲ့ျပန္ပါတယ္။ ပုံေလးေတြနဲ႔အတူ ” စားတဲ့သူကလဲအားရပါးရ လႉတဲ့သူကလဲအားရပါးရ အားရပါးရလႉေနစားေနရင္းကို အားရပါးရ ေျပးခဲ့ရတယ္ တခ်ိဳ႕ဆို ဆာေနရင္းကို မစားလိုက္ရဘူး “ဆိုတဲ့စာေလး ကိုေဝမၽွထားရာ ျပန္လည္ေဖာ္ျပေပး လိုက္ပါတယ္။

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *