
နေတိုး ဘာရည်ရွယ်ချက်နဲ့ထားတာလဲ
နေတိုးတပ်ဖွဲ့ကတော့ အစီးရေ ၅ စီးပါဝင်တဲ့ Northrop Grumman ထုတ် RQ-4D Phoenix တာဝေးအမြင့်ပျံ (HALE) ဒရုန်းစနစ်တွေကို အသင့်ပြင်ထားလိုက်ပြီဖြစ်တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါပြီ။
ဒါဟာ စစ်ဆင်ရေးအတွက် ဖြစ်တယ်လို့လည်းဆိုပါတယ်။
Leonrop၊ Airbus နှင့် Kongsberg တို့အပါအဝင် Northrop Grumman ဦး ဆောင်သည့်အဖွဲ့မှ တီထွင်ခဲ့သော AGS စနစ်ဟာ နေတိုးတပ်မှူးများအား မြေပြင်အခြေအနေကို ပြည့်ပြည့်စုံစုံပုံဖော်နိုင်ရန် ကူညီထောက်ပံ့ပေးမှာ ဖြစ်တယ်လို့လည်းဆိုပါတယ်။

၎င်းနဲ့မဟာမိတ်နိုင်ငံပေါင်း ၃၀ ကျော်ရှိပြီး ၎င်းနိုင်ငံတွေအတွက် နယ်စပ်တလျှောက်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်စေဖို့အတွက် ကူညီနိုင်မှာဖြစ်တယ်လို့ နေတိုးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
RQ-4D Phoenix စနစ်တွေဟာ လက်ရှိစနစ်တွေထဲမှာ အမြင်ဆုံးကနေ ထောက်လှမ်းနိုင်ပြီး ရာသီဥတုအမျိုးမျိုးမှာ ကောင်းစွာတာဝန်ထမ်း ဆောင်နိုင်တဲ့ စနစ်တွေလည်းဖြစ်ပါတယ်။ နေတိုးအဖွဲ့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ စနစ်တစ်ခုလည်းဖြစ်ပါတယ်။
ဖွဲ့စည်းထားတဲ့ AGS စနစ်မှာ ဒရုန်း ၅ စီးနဲ့အတူ အမိန့်ပေးထိန်းချုပ်မှုစခန်းတွေပါဝင်ပါတယ်။

မြေပြင်ထိန်းချုပ်မှုစနစ်တွေ ပါဝင်တာကြောင့် ဆက်သွယ်မှု ကောင်းမွန်တယ်လို့ ဆိုရမှာပါ။ ၎င်းစနစ်တွေကို အီတလီနိုင်ငံ Sigonella မှာ အခြေစိုက်မှာဖြစ်ပါတယ်။
ဒီစနစ်တွေကို နေတိုးမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Bulgaria, Czechia, Denmark, Estonia, Germany, Italy, Latvia, Lithuania, Luxembourg, Norway, Poland, Romania, Slovakia, Slovenia နဲ့ အမေရိကန်တို့ကလည်း ဝယ်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
သို့သော်လည်း ဒီစနစ်တွေကို အသုံးပြုပြီး နေတိုးအဖွဲ့ဝင် ၃၀ နိုင်ငံအကြား သတင်းအချက်အလက်တွေကို မျှဝေသုံးစွဲမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။
Ref-MLeak