နိုင်ငံ့အရေး မှာ နှုတ်ဆိတ်နေ တဲ့ အလှမယ် ‘ဝိုင်းလေး’ ကို အလှမယ် လောကမှ ဝိုင်းဝန်း ရှုတ်ချပိတ်ပင်လိုက်


‘ ဝိုင်းလေးအား မိမိတို့ Myanmar Beauty Pageant မှ Miss Myanmar World တစ်ဦးအနေ ဖြင့် မသတ်မှတ် နိုင်တော့သည့် အပြင် ပြည်သူ နှင့် အတူ မရှိနေသော အလှမယ် အား Miss World Organization အထိပါ ထပ်မံတင်ပြသွား မည်’ လို့ ဆိုထားပါ တယ်။

ဒါ့အပြင် အလှမယ် ဝိုင်းလေး နဲ့ ပတ်သက်ပြီး တော့ လည်း ‘ Miss Myanmar World 2014 ဆုရှင် အလှမယ် ဝိုင်းလေး သည် နိုင်ငံရေး အကျပ်အတည်း ဖြစ်နေချိန် ပြည်သူများ အား ကူညီထောက်ပံခြင်း မျိုး မတွေ့ရ ခြင်း၊ ရရှိထား သော Miss World Title ကြီး အား မထောက်ထား ဘဲ ပြည်သူ ၏ စံပြ ပုဂ္ဂိုလ်တစ်ဦး အဖြစ် ရှိမနေ ခြင်း၊ အခုလို ပြည်သူများ အသက်ချွေး ပေးဆပ်နေရ ချိန် မှာ စိတ်ပူပန်ပြီး စာတစ်ကြောင်း မျှ တောင် ဖွင့် ဟ ပြောဆိုခြင်း မရှိပါ’

‘အဆိုးဆုံးက တော့ အာဏာသိမ်း စစ်ကောင်စီ အား ပုန်ကန်ပြီး စစ်မှန်သော ဒီမိုကရေစီ ရရှိအောင် ဖော်ဆောင်နေ သော အစ်မအရင်း ဖြစ်သူ အား ရိုင်းပြစွာ အတိုက်အခံ လုပ် ပြောဆိုနေခြင် းသည် မိမိတို့ ပြည်သူလူထု ကို ပုန်ကန် သည့် သဘောကို သက်ရောက်နေတာ ဖြစ် လို့ ယနေ့၊ ယခုမှ စတင် ကာ Myanmar Beauty Pageant တစ်ခုလုံး တင်မ က Missosology နှင့် Missosology Myanmar Organization တို့ က ပါ ဝိုင်းလေးအား ရာသက်ပန် တရားဝင် ပိတ်ပင်သွားမည် ဖြစ် ပြီး သူမ နှင့် ပတ်သက်သော သတင်းအချက် အလက်များ အားလုံးကို လည်း မိမိတို့ဘက် မှ ဖျက်သိမ်းမည် ဖြစ်ကြောင်း အများပြည်သူ များ အား အသိပေးအပ်ပါ သည်’ လို့ ထုတ်ပြန်ထား ပါ တယ်။

Miss World အလှမယ် တစ်ဦးဖြစ် တဲ့ Bella က လည်း ‘ ကျမအတွက် Organization တခုတည်းကနေ မွေးထုတ်ပေးခဲ့ တဲ့ Miss World Myanmar Winner ညီအစ်မ ၅ ဦးအနက် ကျမ အပါအဝင် ညီအမ (၃)ယောက် သာ ဒီ အရေးတော်ပုံ မှာ တက်ကြွစွာ ပါဝင်နေတဲ့ အတွက်ကြောင့် ကျန် ၂ ယောက်ကို ကျမအနေနဲ့ ညီအစ်မတွေ အ ဖြစ် မသတ်မှတ် နိုင်တော့ပါ’ လို့ ပြော ထားပါ တယ်။

လက်ရှိ နိုင်ငံ့အရေး မှာ နိုင်ငံကိုယ်စားပြု အလှမယ်များ ဖြစ်ကြတဲ့ Bella၊ ခင်ရတနာသိန်းမြင့်၊ အိကျော့ခိုင်၊ သူဇာဝင့်လွင်၊ ယွန်းမီမီကျော်၊ အမရာငြိမ်း၊ နှင်းသွေးယုအောင်၊ မေမြတ်နိုး၊ ခင်ဝင့်ဝါ၊ ထွန်းပုလဲရတနာ၊ အိမ်ထောင်ရှင် အလှမယ် ဖြစ် တဲ့ ဟန်နီချို အစရှိသူ တို့ ဟာ နေ့စဉ်နဲ့အမျှ တက်ကြွစွာ ပါဝင်လှုပ်ရှား လျက် ရှိကြပါ တယ်။

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *