အချစ်နဲ့ယောင်္ကျားတွေကို စိတ်ကုန်သွားသော မိန်းကလေးတစ်ယောက်၏ လက္ခဏာ (၅) မျိုး

မိန်းကလေးတွေတော်တော်များမာျးဟာ အရမ်းကို အချစ်ကြီးကြပါတယ်။ သူတို့ဟာ သစ္စာလည်း ရှိတဲ့အပြင် ချစ်သူအပေါ်အရမ်းလည်း ခွင့်လွှတ်နိုင်ကြပါတယ်။

ဒါပေမယ့် သူတို့ဟာ ခံရပေါင်းများလာပြီ၊ ခံနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်လာပြီဆိုရင်တော့ အချစ်ကို လုံးဝစိတ်ကုန်သွားကြပါတယ်။

ဒါဆိုရင်တော့ သူတို့ဟာ အချစ်ကိုရော ချစ်သူကိုရော ဘဝထဲကနေ ထုတ်ပစ်ဖို့ ကြိုးစားကြပါတော့တယ်။ ဒီလိုမိန်းကလေးရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဘယ်သူ့ကိုမှစိတ်မဝင်စားဘူး

ဒီလိုမိန်းကလေးတွေဟာ ဘယ်လို ကောင်လေးကိုမှ စိတ်မဝင်စားပါဘူး။ သူတို့စိတ်ထဲမှာ အချစ်ကို စိတ်ကုန်နေပြီဖြစ်တာကြောင့် ကောင်လေးတွေကိုလည်း ဂရုမစိုက်တော့တာပါ။

နောက်ထပ်ဘယ်သူ့ကိုမှလည်း မချစ်ချင်တော့သလို၊ ဘယ်သူ့ကိုမှလည်း မချစ်တော့ဖို့ ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။ မိသားစု၊ ပညာရေး၊ အလုပ်အကြောင်းတွေက လွဲရင် သူတို့စိတ်ထဲမှာ ဘယ်ကောင်လေးကိုမှ စိတ်မဝင်စားတော့ပါဘူး။

(၂) မယုံံတော့ဘူး

ဒီလိုမိန်းကလေးတွေဟာ ယောကျ်ားတွေအပေါ်မှာရော၊ အချစ်အပေါ်မှာပါ ယုံကြည်ချက်လုံးဝ မရှိတော့ပါဘူး။ အကြောင်းကတော့ ပေးပြီးသားကတိကို ထပ်တလဲလဲပြန်ဖျက်တတ်တဲ့ ယောကျ်ားတွေရယ်၊

သည်းခံခဲ့ရတဲ့ အကြိမ်ပေါင်းများစွာရယ်၊ နာကျင်ပေမယ့်လည်း ခဏခဏ ကိုယ့်ကိုယ်ကို ပြန်ထိန်းထားရတဲ့ အခိုက်အတန့်တွေရယ်ကို အရမ်းစိတ်ကုန်သွားကြပါတယ်။

ထပ်ပြီးတော့လည်း မခံစားချင်တော့သလို၊ ထပ်ပြီးတော့လည်း စိတ်ပင်ပန်းလုံးဝမခံနိုင်တော့တာကြောင့် နောက်ထပ်ဘယ်သူ့ကိုမှ မယုံကြည်တော့တာပါ။

(၃) ကိုယ့်ကိုယ်ကို အရမ်းချစ်တတ်လာတယ်

အချစ်ကိုစိတ်ကုန်သွားတဲ့သူတွေဟာ တစ်ယောက်ယောက်ကို စိတ်အညစ်ခံပြီး၊ အပင်ပန်းခံပြီး ချစ်မယ့်အစားကိုယ့်ကိုယ်ကိုပဲ အရမ်းချစ်တတ်သွားကြပါတယ်။

အကြောင်းကတော့ တစ်စုံတစ်ယောက်ကို ချစ်နေလည်း ဘာအကျိုးမှမရှိတာကြောင့် ကိုယ့်ကိုယ်ကိုပဲ အများကြီး ချစ်လိုက်တဲ့သဘောပါ။

ကိုယ့်ကိုယ်ကို ချစ်လိုက်တာဟာ တစ်ယောက်ယောက်ကို စိတ်အညစ်ခံ၊ အပင်ပန်းခံပြီးချစ်တာထက် အများကြီးပိုပြီးအကျိုးရှိတယ်လို့ လက်ခံလိုက်တာ ဖြစ်ပါတယ်။

(၄) လွတ်လွတ်လပ်လပ်နေတယ်

ဒီလိုလူမျိုးတွေဟာ အမြဲတမ်း လွတ်လွတ်လပ်လပ်နေတတ်သူတွေပါ။ သူတို့ဟာ မပြင်မဆင်ပဲလည်း အပြင်သွားချင်သွားမယ်၊ တဟီးဟီးတဟားဟားလည်း အော်ရယ်ချင်အော်ရယ်မယ်၊

ဘယ်လိုပဲဖြစ်ဖြစ် ယောကျ်ားတစ်ယောက်ရဲ့ စိတ်ဝင်စားမှု၊ အထင်ကြီးမှုနဲ့ ချစ်ခင်လာစေမယ့် အမူအရာမျိုးကို တကူးတကတော့ လိုက်လုပ်နေမှာ မဟုတ်ပါဘူး။

အကြောင်းကတော့ သူတို့အပေါ် ယောကျ်ားတွေရဲ့ အမြင်ကို လုံးဝဂရုမစိုက်တော့တာ ကြောင့်ပါ။

(၅) အားလုံးကိုငြင်းပယ်တယ်

သူတို့ကိုချစ်ခွင့်ပန်ချင်တဲ့ ယောကျ်ားတွေအားလုံးကို ငြင်းပယ်တတ်ကြတာ အချစ်ကို စိတ်ကုန်သွားတဲ့ မိန်းကလေးတွေပါ။ သူများအတွက်တော့ အချစ်ဆိုတာ ချိုမြန်ကောင်းချိုမြိန်မယ်၊

ကောင်လေးတွေအများကြီး ဝိုင်းဝိုင်းလည်နေတာကို သာယာကောင်းသာယာမယ် ဒါပေမယ့် အချစ်ကို စိတ်ကုန်သွားတဲ့ မိန်းကလေးတစ်ယောက်အဖို့ အဲဒါတွေအားလုံးဟာ စိတ်ပျက်စရာကောင်းပါတယ်။

တစ်ယောက်တည်း အေးအေးဆေးဆေးနေချင်ပြီး အချစ်ဆိုတာကြီးကို နောက်ဘယ်တော့မှ ပြန်မတွေ့ချင်တော့တဲ့ သူတွေ ဖြစ်ပါတယ်။Credit: Em Em(Auntymay)

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *