သိန်းပေါင်း(၆)သောင်းကျော် လှူဒါန်းပေမဲ့ ဟိတ်ဟန်မရှိ နားကပ်တောင်မဝတ်တဲ့ မိန်းကလေး

နိုင်ငံတော်ရဲ့အဆင့်အမြင့်ဆုံးအခမ်းအနားကိုတက်ပြီး ကျပ်သိန်းပေါင်း၆၅၁၆၀ လာလှူသွားတဲ့သူနားမှာလဲ စိန်နားကပ်အပြူးကြီးမတွေ့ရသလို လည်ပင်းမှာလဲဧရာမရွှေဆွဲကြိုးအလေးကြီးမတွေ့ရပြန်ပါဘူး ။ဘဏ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ပညာကို ကမ္ဘာပတ်ပြီး တစိုက်မတ်မတ် လေ့လာသင်ကြားခဲ့သူဖြစ်ပြီး ထူးချွန်တဲ့ပညာရှင်တယောက်အဖြစ် ဆုတွေလည်း ရထားတဲ့သူကတော့ သမာအာဇီဝကျကျ ချမ်းသာလာတဲ့ ဘဏ်သူဌေးဦးအောင်ကိုဝင်း(ဆရာကျောင်း)ရဲ့သမီးရိုးသားတဲ့ ရှမ်းတိုင်းရင်းသူလေးဖြစ်ပါတယ် ။

သူမရဲ့နာမည်ကတော့ နန်းလောင်ခမ်းဖြစ်ပါတယ် ။ ကမ္ဘောဇဘဏ်ရဲ့ပိုင်ရှင် ဦးအောင်ကိုဝင်းရဲ့ သမီး(၃)သီးထဲကမှ သမီးကြီး ဖြစ်ပါတယ် ။သူ့ သမီးတွေထဲမှာ နန်းလိုင်ခမ်း Nang Lang Kham လို့ခေါ်တဲ့ တစ်ယောက်က ဗမာပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ထိပ်ဆုံးအလွှာ Elite အသိုင်းအဝိုင်းထဲမှာ ရေလည်ဝင်ဆန့်ပြီး နေရာယူထားတဲ့ ပညာတက် Business Woman တစ်ယောက်ဖြစ်တယ် ။

အခုမှ အသက်က ၃၀ ဘဲ ရှိသေးတယ် ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်က Tycoon လို့ခေါ်တဲ့ ( ယခင် အခေါ် ခရိုနီ ) လုပ်ငန်းရှင်သူဌေးတွေ Meeting လုပ်တိုင်း KBZ ရဲ့ Representative Chairman တစ်ယောက်အနေနဲ့ တက်တယ် ။သူ့ အဖေက သူ့ကို လွှဲထားတယ်. . မြန်မာပြည်က နာမည်ကြီး သူဌေးတွေ ဦးဇော်ဇော် ဦးခင်ရွှေ တို့က အစ တလေးတစားနဲ့ ဦးအောင်ကိုဝင်းရဲ့ ကိုယ်စားလှယ်အဖြစ် တစ်တန်းထဲ နေရာပေးရတယ် ။

KBZ ဘဏ်နဲ့ KBZ Group ကြီး တစ်ခုလုံးရဲ့ အကြီးတန်း ဒါရိုက်တာ ဖြစ်ပြီး ၊ Air KBZ နဲ့ MAI Airline လေကြောင်းလိုင်း နှစ်ခုရဲ့ Chairman ဥက္ကဌ ဖြစ်တယ် ။KBZ မြန်မာ အလင်းတန်း ဖောင်ဒေးရှင်း ( BFM – Brighter Future Myanmar Foundation) ရဲ့ Founder လဲ ဖြစ်တယ် ။2016 ခုနှစ်မှာ အမေရိကား အခြေစိုက် ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း Forbes ရဲ့ အာရှတိုက်ရဲ့ စောင့်ကြည့်ရမဲ့ ထူးချွန် လူငယ် အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် 12 ယောက် List ထဲမှာ သူပါသွားတယ် ။

2016 ခုနှစ်မှာ အမေရိကား အခြေစိုက် ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း Forbes ရဲ့ အာရှတိုက်ရဲ့ စောင့်ကြည့်ရမဲ့ ထူးချွန် လူငယ် အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် 12 ယောက် List ထဲမှာ သူပါသွားတယ် ။သူခု လက်ရှိလုပ်နေတာတွေက BFM foundation အနေနဲ့ မြန်မာပြည်အနှံ့က မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးတွေကို အခမဲ့ လိုက်ပြီး ခွဲစိတ်ကုသပေးတယ် ။

ရေကြီးတဲ့ နေရာတွေမှာ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်နေရာချထားရေး လုပ်ငန်းစဉ်တွေ အတွက် ကျပ် သန်းပေါင်းများစွာ လှုတယ် ။ Young banker တစ်ယောက်လဲ ဖြစ်တယ် ။ကျွန်တော် ဒါတွေ ပြောပြနေတာက သူ့ကို လော်ဘီ လုပ်ပေးနေတာမဟုတ်ဘူး ၊ ဟိမဝန္တာ ချီးမွမ်းခန်း ဖွင့်နေတာလဲ မဟုတ်ဘူး ၊ ဒီခေတ် မိန်းကလေးတွေကို အတုယူစေချင်လို့ ပြောပြနေတာ ဖြစ်တယ် ။

သူ့ရဲ့ နေပုံထိုင်ပုံကို အတုယူစေချင်တယ် ။ အပေါ်မှာ ဒီလောက်ပြောသွားတာ သူ့အနေအထား ၊ အဆင့်အတန်း ၊ ပိုင်ဆိုင်မှုနဲ့ အသိုင်းအဝိုင်းက မြန်မာပြည်မှာ ဘယ်လိုမျိုးလဲ ဆိုတာ အားလုံး ခန့်မှန်းပြီးလောက်ပါပြီ ။သူ့ အနေအထားနဲ့လူပြောခံရအောင်မနေဘူး အနေအထိုင် သိုသိပ်တယ်ဦးဇော်ဇော်လိုဘဲ ၊ပညာရှိတယ် ပြောရမယ်။

ခု မြန်မာပြည်မှာ ခလေးတွေ ကြိုက်နေကြတဲ့ အားကျပြီး လိုက်ဖြစ်ချင်နေကြတဲ့ မင်းသမီးပေါက်စတွေ ဘာညာ ဘလော့ဂါ တွေရဲ့ Life Style တွေက ကြည့်ရင်တော့ ဟုတ်သလိုလိုရှိပေမဲ့ ၊တကယ့် တကယ် ကိုယ်တိုင် အရည်အချင်း တန်ဖိုးရှိပြီး ယောကျာ်းတိုင်းက လေးစားပြီး အထင်မသေးရဲတဲ့ ကိုယ်ပိုင် ပညာတန်ဖိုးမြင့်တဲ့ မိန်းကလေး တစ်ယောက် ဘဝ ကိုဘဲ ရအောင် ကြိုးစားစေချင်တယ် ။

အပေါ်ယံ ရုပ်ဝတ္ထု ပကာသန ပစ္စည်းတွေနဲ့ အနှစ်မရှိတဲ့ ခပ်ပေါပေါ ခံယူချက်တွေပေါ်မှာ လုပ်ပြနေကြတဲ့ လူငယ် မိန်းကလေး Celebrities တွေကို သွား အားမကျစေချင်ဘူး ။Rich kid အနေနဲ့ ကြီးပြင်းလာကြတာချင်း တူပေမဲ့ ဘဝ စံချိန် စံနှုန်း Living Standard နဲ့ အတွေးအခေါ်မှာ မိုးနဲ့ မြေလောက်ကွာသွားတယ် ။နန်းလိုင်ခမ်း အနေနဲ့ ကြွားချင်ရင် ဗမာ တစ်ပြည်လုံး ဆွံ့အသွားအောင် ကြွားပြလိုက်လို့ ရတယ် ။ ဒါပေမဲ့ လူသိ သိပ်မခံဘဲ မြန်မာပြည်ရဲ့ Driving Force တစ်ခု အနေနဲ့ ပါဝင် ပက်သက်နေတယ် ။

သူ့ရဲ့ FB မှာ သူ့ရဲ့ Activities ကိုဝင်ကြည့်လို့ရတယ် ။ သူဘာလဲ ဘယ်လမ်းလျှောက်နေတာလဲ ဆိုတာ သိရလိမ့်မယ် ။ အရမ်း Simple ဖြစ်တယ် ဘာ Personal မှတင်ထားတာတောင် မတွေ့ရဘူး ။လူတိုင်းကတော့ ဘဝပေး အခြေအနေတွေ တူကြမှာတော့မဟုတ်ဘူး။ ကိုယ့်ဘဝက သူများနဲ့ တန်းတူမဖြစ်ခဲ့ရင်လဲ စိတ်ဓာတ်ကျ စိတ်ပျက် အားငယ်နေဖို့ မဟုတ်ဘဲ ပိုကြိုးစားဖို့ ဖြစ်လာစေတဲ့ အကြောင်းဘဲ ဖြစ်ရမယ် ။

ကိုယ့်ဘဝပေး အခြေအနေက သူများထက် ပိုမိုသာလွန် ကောင်းမွန်ခဲ့ရင်လဲ ကိုယ့်ထက် နိမ့်ကျနေတဲ့ ဘဝတွေကို ပြန်လည် မစ ထောက်ပံ့နိုင်ဖို့ အကြောင်းဘဲ ဖြစ်ရမယ် ။ဒီစာလေးက တစ်ယောက်ယောက်ကို Motivate ဖြစ်သွားစေတယ်ဆိုရင် ကျေနပ်ပါတယ် ။အားလုံး တန်ဖိုးရှိစွာ အသက်ရှင်နိုင်ပါစေ ။ အခုလို အချိန်ပေး ဖတ်ရှုပေးတဲ့အတွက်ကို အထူးကျေးဇူးတင်ရှိပါတယ် ။

crd

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *