(၄)ရက်အကြာက သင်္ဂြိုဟ်ခဲ့တဲ့ခင်ပွန်း၊ အိမ်ပြန်ရောက်လာလို့ ထိတ်လန့်ဝမ်းသာသွားတဲ့ဇနီး
January 10, 2021 – by admin – Leave a Comment
ဟွန်ဒူးရပ်စ်နိုင်ငံ၊ El Carmen မှာ ထူးဆန်းတဲ့ သေရွာပြန်မှုတစ်ခု ဖြစ်တောင့်ဖြစ်ခဲ ကြုံခဲ့ရပါတယ်။ အခင်းဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့(၄)ရက်က ကွယ်လွန်ပြီဆိုပြီး ဈာပနကျင်းပခြင်း ခံခဲ့ရတဲ့လူတစ်ယောက်ဟာ နေအိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာခဲ့တဲ့ ဖြစ်စဉ်ပါ။ သေရွာပြန်အဖိုးအိုရဲ့အမည်ကတော့ Julio ဖြစ်ပါတယ်။
သူရဲ့ဇနီး Victoria Sarmiento ကတော့ ခင်ပွန်းမရှိတော့လို့ လွမ်းဆွတ်ပူဆွေးတဲ့မျက်ရည်တွေမှ မခြောက်သေးခင်၊ (၄)ရက်အကြာမှာ ခင်ပွန်းကို အိမ်ရှေ့မှာ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ခဲ့ရတာပါ။ ဆိုရရင် မကျွတ်မလွတ်ဘဲ အစွဲကြီးပြီး သရဲပြိတ္တာဘဝနဲ့ ပြန်ရောက်လာလေသလား ချက်ချင်းအတွေးဝင်ကာ ထိတ်လန့်သွားတယ်လို့ ဆိုပါတယ်။
အသက်(၆၅)နှစ်အရွယ် Julio ဟာ El Carmen ပြင်ပ ကွင်းပြင်တစ်ခုမှာ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ပျောက်ဆုံးသွားခဲ့တာပါ။ ဇနီးဖြစ်တဲ့ Victoria ဟာ အိမ်နီးနားချင်းတွေနဲ့အတူ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရှာဖွေခဲ့ပေမယ့် ပြန်မတွေ့ခဲ့ပါဘူး။ ဒီဇင်ဘာ(၃၀)ရက်မှာ ခင်ပွန်းရဲ့ မှတ်ပုံတင်တွေ၊ ဓာတ်ပုံတွေယူပြီး ရဲစခန်းမှာ လူပျောက်တိုင်ပါတယ်။
အဲဒီနောက် ရဲစခန်းက မိုင်(၃၀)ဝေးတဲ့ Hospital de Occidente ဆေးရုံမှာ အမည်မသိအမျိုးသားတစ်ဦးရဲ့အလောင်း ရောက်နေကြောင်း၊ အသက်အရွယ်အားဖြင့်တော့ Julio ရဲ့အရွယ်လောက်ဖြစ်ပြီး၊ Julio လို့ ယူဆရကြောင်းဆိုပါတယ်။ ဒါကြောင့် Victoria က ဈာပနဝန်ဆောင်မှုအဖွဲ့နဲ့ ဘော်ဒီကို ရွာအထိ ခက်ခက်ခဲခဲ သယ်ယူခဲ့ပါတယ်။
သူမဟာ ဈာပနအတွက် ပေါင် (၃၂၀)နဲ့ညီမျှတဲ့ လမ်ပီရက်စ်ငွေ (၁၀၅၀၀)အထိ ကုန်ကျခဲ့ပြီး၊ နောက်တစ်ရက်မှာ ကောင်းမွန်စွာ သဂြိုဟ်ခဲ့ပါတယ်။ သို့သော်လည်း နောက်ထပ် (၄)ရက်အကြာမှာ ခင်ပွန်းက ပြန်ရောက်လာခဲ့တာပါ။ ဆိုရရင် အလောင်းချင်းမှား၊ အမှတ်လွဲပြီး တခြားအလောင်းတစ်ခုကို သဂြိုဟ်မိခဲ့တာဖြစ်ပါတယ်။
Julio ဟာ ထရီနီဒက်နယ်စပ်အနီးက ကွင်းပြင်မှာ ဒဏ်ရာနာမကျန်းအနေအထားနဲ့ လဲကျနေတာကို ဒေသခံတွေက တွေ့ခဲ့တာဖြစ်ပါတယ်။ သူရဲ့အဆိုအရ သူဟာ လမ်းလျှောက်ထွက်စဉ် အမောဖောက်ပြီး လဲကျခဲ့ကြောင်း၊ အဲဒီမှာ ခြေထောက်တွေက ဒဏ်ရာရသွားလို့ ပြန်မထနိုင်ခဲ့ကြောင်း၊ အခင်းဖြစ်နေရာမှာပင် အစာရေစာမရှိဘဲ (၃)ရက်ကြာ လျှောင်းနေခဲ့ရတယ်လို့ ဆိုပါတယ်။
Photo Credit
အဲဒီတော့မှ Hospital de Occidente ကလည်း သူတို့ ပေးအပ်လိုက်တဲ့ ဘော်ဒီဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ(၂၇)က ဆုံးပါးခဲ့တဲ့ ကိုဗစ်ဝေဒနာရှင်တစ်ဦးလို့ ပြောခဲ့တာပါ။ ဆေးရုံသေစာရင်းမှာလည်း Julio ရဲ့အချက်အလက်တွေကို ထည့်သွင်းထားတာကို အံ့သြဖွယ်တွေ့ရပါတယ်။ ဝန်ထမ်းတွေကလည်း သေသူစာ Julio ရဲ့ဓာတ်ပုံတွေနဲ့ တိုက်ဆိုင်ကြည့်တော့ တူညီနေလို့ အမှတ်မှားခဲ့တာလို့လည်း ရှင်းပြပါတယ်။ ဘာပဲဖြစ်ဖြစ် Victoria ကတော့ ခင်ပွန်းကို ပြန်ရလို့ ဝမ်းသာနေပါတယ်။
လင်းဇော်ကို
Ref ; Mirror
(၄)ရက္အၾကာက သၿဂႋဳဟ္ခဲ့တဲ့ခင္ပြန္း၊ အိမ္ျပန္ေရာက္လာလို႔ ထိတ္လန႔္ဝမ္းသာသြားတဲ့ဇနီး
January 10, 2021 – by admin – Leave a Comment
ဟြန္ဒူးရပ္စ္ႏိုင္ငံ၊ El Carmen မွာ ထူးဆန္းတဲ့ ေသ႐ြာျပန္မႈတစ္ခု ျဖစ္ေတာင့္ျဖစ္ခဲ ႀကဳံခဲ့ရပါတယ္။ အခင္းျဖစ္စဥ္ကေတာ့ ၿပီးခဲ့တဲ့(၄)ရက္က ကြယ္လြန္ၿပီဆိုၿပီး ဈာပနက်င္းပျခင္း ခံခဲ့ရတဲ့လူတစ္ေယာက္ဟာ ေနအိမ္ကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ျပန္ေရာက္လာခဲ့တဲ့ ျဖစ္စဥ္ပါ။ ေသ႐ြာျပန္အဖိုးအိုရဲ႕အမည္ကေတာ့ Julio ျဖစ္ပါတယ္။
သူရဲ႕ဇနီး Victoria Sarmiento ကေတာ့ ခင္ပြန္းမရွိေတာ့လို႔ လြမ္းဆြတ္ပူေဆြးတဲ့မ်က္ရည္ေတြမွ မေျခာက္ေသးခင္၊ (၄)ရက္အၾကာမွာ ခင္ပြန္းကို အိမ္ေရွ႕မွာ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေတြ႕ခဲ့ရတာပါ။ ဆိုရရင္ မကြၽတ္မလြတ္ဘဲ အစြဲႀကီးၿပီး သရဲၿပိတၱာဘဝနဲ႔ ျပန္ေရာက္လာေလသလား ခ်က္ခ်င္းအေတြးဝင္ကာ ထိတ္လန႔္သြားတယ္လို႔ ဆိုပါတယ္။
အသက္(၆၅)ႏွစ္အ႐ြယ္ Julio ဟာ El Carmen ျပင္ပ ကြင္းျပင္တစ္ခုမွာ ၿပီးခဲ့တဲ့ တစ္ပတ္ေလာက္က ေပ်ာက္ဆုံးသြားခဲ့တာပါ။ ဇနီးျဖစ္တဲ့ Victoria ဟာ အိမ္နီးနားခ်င္းေတြနဲ႔အတူ ကယ္ဆယ္ေရးအဖြဲ႕ေတြနဲ႔ ရွာေဖြခဲ့ေပမယ့္ ျပန္မေတြ႕ခဲ့ပါဘူး။ ဒီဇင္ဘာ(၃၀)ရက္မွာ ခင္ပြန္းရဲ႕ မွတ္ပုံတင္ေတြ၊ ဓာတ္ပုံေတြယူၿပီး ရဲစခန္းမွာ လူေပ်ာက္တိုင္ပါတယ္။
အဲဒီေနာက္ ရဲစခန္းက မိုင္(၃၀)ေဝးတဲ့ Hospital de Occidente ေဆး႐ုံမွာ အမည္မသိအမ်ိဳးသားတစ္ဦးရဲ႕အေလာင္း ေရာက္ေနေၾကာင္း၊ အသက္အ႐ြယ္အားျဖင့္ေတာ့ Julio ရဲ႕အ႐ြယ္ေလာက္ျဖစ္ၿပီး၊ Julio လို႔ ယူဆရေၾကာင္းဆိုပါတယ္။ ဒါေၾကာင့္ Victoria က ဈာပနဝန္ေဆာင္မႈအဖြဲ႕နဲ႔ ေဘာ္ဒီကို ႐ြာအထိ ခက္ခက္ခဲခဲ သယ္ယူခဲ့ပါတယ္။
သူမဟာ ဈာပနအတြက္ ေပါင္ (၃၂၀)နဲ႔ညီမွ်တဲ့ လမ္ပီရက္စ္ေငြ (၁၀၅၀၀)အထိ ကုန္က်ခဲ့ၿပီး၊ ေနာက္တစ္ရက္မွာ ေကာင္းမြန္စြာ သၿဂိဳဟ္ခဲ့ပါတယ္။ သို႔ေသာ္လည္း ေနာက္ထပ္ (၄)ရက္အၾကာမွာ ခင္ပြန္းက ျပန္ေရာက္လာခဲ့တာပါ။ ဆိုရရင္ အေလာင္းခ်င္းမွား၊ အမွတ္လြဲၿပီး တျခားအေလာင္းတစ္ခုကို သၿဂိဳဟ္မိခဲ့တာျဖစ္ပါတယ္။
Julio ဟာ ထရီနီဒက္နယ္စပ္အနီးက ကြင္းျပင္မွာ ဒဏ္ရာနာမက်န္းအေနအထားနဲ႔ လဲက်ေနတာကို ေဒသခံေတြက ေတြ႕ခဲ့တာျဖစ္ပါတယ္။ သူရဲ႕အဆိုအရ သူဟာ လမ္းေလွ်ာက္ထြက္စဥ္ အေမာေဖာက္ၿပီး လဲက်ခဲ့ေၾကာင္း၊ အဲဒီမွာ ေျခေထာက္ေတြက ဒဏ္ရာရသြားလို႔ ျပန္မထႏိုင္ခဲ့ေၾကာင္း၊ အခင္းျဖစ္ေနရာမွာပင္ အစာေရစာမရွိဘဲ (၃)ရက္ၾကာ ေလွ်ာင္းေနခဲ့ရတယ္လို႔ ဆိုပါတယ္။
Photo Credit
အဲဒီေတာ့မွ Hospital de Occidente ကလည္း သူတို႔ ေပးအပ္လိုက္တဲ့ ေဘာ္ဒီဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာ(၂၇)က ဆုံးပါးခဲ့တဲ့ ကိုဗစ္ေဝဒနာရွင္တစ္ဦးလို႔ ေျပာခဲ့တာပါ။ ေဆး႐ုံေသစာရင္းမွာလည္း Julio ရဲ႕အခ်က္အလက္ေတြကို ထည့္သြင္းထားတာကို အံ့ၾသဖြယ္ေတြ႕ရပါတယ္။ ဝန္ထမ္းေတြကလည္း ေသသူစာ Julio ရဲ႕ဓာတ္ပုံေတြနဲ႔ တိုက္ဆိုင္ၾကည့္ေတာ့ တူညီေနလို႔ အမွတ္မွားခဲ့တာလို႔လည္း ရွင္းျပပါတယ္။ ဘာပဲျဖစ္ျဖစ္ Victoria ကေတာ့ ခင္ပြန္းကို ျပန္ရလို႔ ဝမ္းသာေနပါတယ္။
AOne
Ref ; Mirror