မိဘဆိုတာ သားသမီးအမြင့်ရောက်လေ ဝမ်းသာအားရရှိလေ၊ ပျော်ရွှင်လေ ဖြစ်ပါတယ်။ သားသမီးကို ငယ်စဉ်ကတည်းက ဂုဏ်ယူရတဲ့ လုပ်ငန်းခွင်တွေမှာ ကျင်လည်အသက်မွေးစေချင်ကြတာ မိဘတိုင်းရဲ့ ဗီဇဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း ငယ်စဉ်ကတည်းက ကိုယ့်သားသမီးကို ဆရာဝန်ကြီးလုပ်မှာလားအင်ဂျင်နီယာကြီးလုပ်မှာလားဆိုပြီး လမ်းကြောင်းပြ မေးခွန်းလေးတွေနဲ့ ဆွယ်ကြတာပါ။
အခုလည်း အိန္ဒိယက ရဲအရာရှိဖခင်တစ်ယောက်ဟာ ကိုယ့်ထက် ရာထူးနှစ်ဆင့်ပိုမြင့်သွားတဲ့ သမီးကို လေးလေးစားစား ဝမ်းမြောက်ဝမ်းသာ အလေးပြုနှုတ်ဆက်ခဲ့ရာ၊ အဆိုပါဓာတ်ပုံဟာ လူမှုကွန်ရက်မှာ နာမည်ကြီးသွားခဲ့ပါတယ်။ သမီးဖြစ်သူရဲ့အမည်ကတော့ Yendluru Jessy Prashanthi ဖြစ်ပါတယ်။ သူမကတော့ SP ဆိုတဲ့ရာထူးနဲ့ တာဝန်ထမ်းဆောင်နေတာပါ။

Photo Credit
SP ဆိုတဲ့ရာထူးဟာ Deputy Superintendent of Police ရာထူးရဲ့အတိုကောက်ဖြစ်ပါတယ်။ ဖခင်ကတော့ Deputy Superintendent of Police (Dy. SP)ရာထူးနဲ့ သမီးထက် နှစ်ဆင့်နိမ့်တဲ့အနေအထားမှာတာဝန်ထမ်းဆောင်နေသူဖြစ်ပြီး၊ အမည်ကတော့ Y Shyam Sunder ဖြစ်ပါတယ်။ သမီးဖြစ်သူက ကိုယ့်ထက် ရာထူးအဆင့်မြင့်သွားတာကို သူ ဂုဏ်ယူနေတာပါ။

Photo Credit
သူတို့သားအဖနှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ(၄)ရက် တနင်္လာနေ့က Tirupati မှာကျင်းပတဲ့ Andhra Pradesh Police Duty Meet တွေ့ဆုံပွဲမှာ ပြန်ဆုံကြတာပါ။ သမီး Prashanthi ကတော့ Andhra Pradesh ပြည်နယ်က Guntur ခရိုင်မှာ တာဝန်ကျသူဖြစ်ပြီး၊ သူတို့တစ်တွေ အခုတွေ့ဆုံပွဲမှာမှ ပြန်ဆုံခဲ့တာဖြစ်ပြီး-

Photo Credit
ဖခင် Shyamက ဂုဏ်ယူစွာနဲ့ လာရောက်အလေးပြုတော့ ရဲအရာရှိတစ်ဦးနဲ့ စကားပြောနေတဲ့ သမီးဖြစ်သူလည်း ချက်ချင်း ပြန်အလေးပြုပြီး ” ဖေဖေ ဘာလုပ်တာတုန်း “ဆိုပြီး(အလေးပြုတာကို မခံယူဝံ့တဲ့သဘောနဲ့) ပြောလိုက်ပါတယ်။ ဒီအဖြစ်အပျက်ကို ရဲအရာရှိတစ်ဦးက မှတ်တမ်းတင်ထားခဲ့တာပါ။ Tirupati (Urban) မှာ SP အဖြစ် တာဝန်ထမ်းဆောင်နေတဲ့
Photo Credit
A Ramesh Reddyi က ဒီဖြစ်စဉ်ကိုကြည့်ပြီး “ဒါမျိုး ရုပ်ရှင်ထဲမှာ တွေ့ဖူးပါတယ် … အပြင်မှာတော့ သိပ်မတွေ့ဖူးဘူး … ကျွန်တော်ကတော့ သူတို့သားအဖနှစ်ယောက်ကို ကြည့်ပြီး ပျော်နေမိတယ် … တူညီဝတ်စုံဝတ်ဆင်ပြီး လမ်းကြောင်းတူ လျှောက်လှမ်းနေကြတာလေ … ငယ်ငယ်ရွယ်ရွယ်နဲ့ ထက်မြတ်လွန်းတဲ့ Prashanthi အတွက် ဖခင်လိုပဲ ကျွန်တော်လည်း ဂုဏ်ယူနေမိတယ် “လို့ ပြောခဲ့ပါတယ်။



Ref ; hindustantimes