သူမရဲ့ ကိုယ်ပိုင်လုပ်အားခနဲ့ လူနာတင်ယာဉ်တစ်စီး လှူဒါန်းနိုင်ခဲ့လို အတိုင်းမသိဝမ်းသာနေတဲ့ Grace

လက်ရှိလူမှုကွန်ယက် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ အဆိုတော် Gက အတော်လေး ရေပန်းစားနေခဲ့တာပါ။ အကယ်ဒမီများရှင် သရုပ်ဆောင် အဆိုတော်ကြီး ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမဖြစ်ပြီး အနုပညာမျိုးရိုးရှိသူပီပီ အဆိုဝါသနာပါသူဖြစ်လို့ The Voice Myanmar အဆိုပြိုင်ပွဲ အစီအစဉ်ကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

ပရိသတ်တွေကို တစ်မှုထူးခြားတဲ့ ပုံစံလေးနဲ့ စတင်သတိထားမိစေတဲ့ Gက စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး အတော်လေး ကြံခိုင်သူပါ။

မိဘရဲ့ ပိုင်ဆိုင်မှုငွေကြေးကို မမက်မောပဲ ကိုယ်တိုင်ရှာထားတဲ့ ချွေးနည်းစာလေးနဲ့ ပရဟိတလုပ်ငန်းတွေမှာ တစ်နိုင်တစ်ပိုင်ကူညီလုပ်ဆောင်လေ့ရှိတဲ့ သူမက ပရိသတ်တွေကို ပိုပြီး အချစ်ပိုစေပြန်တာပါ။

ယနေ့မှာလည်း သူမ အလှူပြုဖို့ စိတ်အားထက်သန်နေတဲ့ လူနာတင်ကားလေးကို ကိုယ်ပိုင်ငွေလေးနဲ့ လှူဒါန်းနိုင်ပြီဖြစ်လို့ ပျော်ရွှင်နေကာ ” ညီမ အရမ်းလှူချင်နေတဲ့ လူနာတင်ကား ကို ရှင်သန်ရေး ကူညီမှုအသင်းကို လှူနိုင်ခဲ့ပါပြီ။

အလုပ်အပ်တဲ့ လုပ်ငန်းရှင်များနဲ့ ညီမရဲ့ live sale တွေမှာ ဝယ်ယူအားပေးတဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ” ဆိုပြီး ကျေးဇူးတင်စကားဆိုကာ ပုံလေးတွေကို တင်ပေးလာတာဖြစ်လို့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်….။
အခုလိုအချိန်ပးပြီးဖတ်ရူ့ပေးတဲ့ပရိတ်သတ်ကြီး သာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်


Crd- Original Post

Zaw Gyi







Crd- Original Post

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *