ခွေးစာတွေကို ငိုပြီးစားနေတဲ့အဘိုးအိုရဲ့ ဗီဒီယိုကိုမြင်ပြီး သွားရောက်လှူဒါန်းခဲ့တဲ့ Sinon

ဖိလစ်ပိုင်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Sinon ကတော့ မြန်မာနိုင်ငံမှာ ပရဟိတအလုပ်တွေ လုပ်ဆောင်ရင်း ပရိသတ်တွေရဲ့လေးစားချစ်ခင်မှုကိုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ လတ်တလောမှာတော့ အွန်လိုင်းပေါ်မှာ ခွေးစားတွေ စားပြီး ငိုနေတဲ့ အဘိုးအိုတစ်ယောက်ရဲ့ ဗီဒီယိုကို မြင်ပြီး အဲ့ဒီအဘိုးအိုရဲ့ လိပ်စာကို စုံစမ်းကာ သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ် ။

ကျွန်တော် ဒီ အဘိုးအို ခွေး ကလေးတွေ ကျွေးတဲ့ အစာကိုငိုပြီးစားနေတဲ့ Videoကို ကြည့်ပြီး တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ် အရမ်းဝမ်းနည်းမိတယ် ။ ဘဝတွေ ကအချို့ လူတွေအတွက် အရမ်းကြမ်းတမ်းတယ် ဒါနဲ့ ကျွန်တော်သူ့ကိုသွားအကူအညီပေးဖို့ သူ့အိမ်ကိုစုံစမ်းပြီးသွားခဲ့ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာဖော်ပြခဲ့ပါတယ် ။ ။ ဒါပေမယ့် အဘိုးကအပြင်ထွက်ပြီးအလှူခံနေတဲ့အတွက် မတွေ့ခဲ့ရပေမယ့် သူ့ရဲ့အဖေနဲ့ အမေနဲ့ သူ့ အမျိုးတွေနဲ့တော့ တွေ့ခဲ့ရပါတယ်တဲ့ ။

Sinon က သူတို့ကို တတ်နိုင်သလောက်ထောက်ပံ့မှုလေးတွေနဲ့ ကူညီခဲ့ပါတယ် ။ သူ့ အစ် ကို တစ်ယောက်က အရင် က ‌စစ်ပွဲကြောင့် ခြေထောက်တစ်ဖက်မရှိတော့တာကို မြင်တွေ့ခဲ့ရပြီး ကျွန်တော် သူတို့နဲ့ တွေ့ပီး ကူညီ ခွင့်ရတာ အရမ်းပျော်တယ်ကျေးဇူး ပြုပီး ဒီလိုလူမျိုးတွေကို တတ်နိုင်သလောက်လေးကူညီပေးကြပါအချစ်တွေ ဝေမျှနိုင်ကြပါစေ လို့လည်း ရေးသားဖော်ပြခဲ့ပါတယ် ။

Source : Sinon

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *