မီးသွေးမှုန့် ဟာ အရှေ့တိုင်းမှာရော အနောက်တိုင်းမှာပါ ဆေးပညာ၊ ကျန်းမာရေး၊ အလှအပရေးရာတွေမှာ တွင်ကျယ်စွာ အသုံးပြုလာတာ ကြာလှပါပြီနော်။ အလွယ်တကူရနိုင်တဲ့ မီးသွေးမှုန့်ကို နေ့စဉ် ဘဝ မှာ ဘယ်လိုအသုံးပြုရမလဲ၊ ဘယ်လောက်တောင် အသုံးဝင်လဲဆိုတာ ကြည့်လိုက်ပါဦးနော်။
(၁) အသားအရေကို ကြည်လင်စေတယ်
ပျားရည်တစ်ဇွန်းနဲ့ မီးသွေးမှုန့်အနည်းငယ်ကို ရောပြီးလိုအပ်ရင် ရေနွေးအနည်းငယ်ကိုပါ ရောပေးနိုင်ပါတယ်။ ပြီးရင်တော့ ရလာတဲ့ အနှစ်ကို မျက်နှာမှာလိမ်းပြီး (၁၀) မိနစ်အကြာမှာ ရေဆေးပေးလိုက်ပါ။ ကြည်လင်ဝင်းပတဲ့ အသားအရေလေးကို ရရှိမှာပါ။
(၂) အဆိပ်အတောက်တွေ ပြေစေတယ်
မီးသွေးမှုန့်အနည်းငယ်ကို သံပုယိုသီး၊ သကြားအနည်းငယ်နဲ့ ရောပြီး သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရုံသာမက အဆီကိုလည်း ကျစေပါတယ်။ နောက်ပြီး ကျောက်ကပ်ကိုလည်း အထူးကျန်းမာစေပါတယ်။
(၃) ဆံပင်ကို သန့်ရှင်းစေတယ်
သင့်ခေါင်းမှာ အောက်သိုးသိုးအနံ့မျိုး ဒါမှမဟုတ် အနံ့တစ်ခုခု စွဲသွားခဲ့ရင် ခေါင်းလျှော်ရည်ထဲ မီးသွေးမှုန့်အနည်းငယ် ထည့်ပြီး လျှော်ပေးခြင်းဖြင့် ဆံပင်အနံ့လေးကို ကောင်းမွန်စေပြီး ဦးရေပြားကိုလည်း သန့်ရှင်းစင်ကြယ်စေပါတယ်။

(၄) သွားတွေကို ဖြူဖွေးစေတယ်
မီးသွေးမှုန့် အနည်းငယ်ကိုယူပြီး သွားပွတ်တံလေးနဲ့ သွားတိုက်ပေးခြင်းဖြင့် ဖြူဖွေးတဲ့ သွားလေးတွေကို ရရှိမှာပါ။ မီးသွေးမှုန့်ဟာ သွားမှာ စွဲကျန်နေတဲ့ အရောင်တွေကို ချွတ်ပေးနိုင်တာကြောင့်ပါ။
(၅) မြေသြဇာဖြစ်တယ်
အပင်စိုက်သူတွေ အနေနဲ့ မြေကြီးထဲကို မီးသွေးမှုန့်ရောပေးခြင်းဖြင့် မြေသြဇာဖြစ်စေလို့ အပင်တွေကို ရှင်သန်ကြီးထွားစေပါတယ်။
(၆) အနာတွေကို ပျောက်ကင်းစေတယ်
အကောင်ပလောင်တွေ အကိုက်ခံရတဲ့အခါဖြစ်ဖြစ်၊ ထိမိရှမိတဲ့ နေရာတွေမှာ မီးသွေးမှုန့်ကို အုန်းဆီအနည်းငယ်နဲ့ ရောပြီးလိမ်းပေးခြင်းဖြင့် အနာအကျက် မြန်စေပါတယ်။

(၇) အိုးခွက်တွေကို ပြောင်လက်စေတယ်
မီးသွေးမှုန့်ကို စတီးဝူးနဲ့တို့ကာ အိုးတွေ၊ ကြွေပြားတွေကို တိုက်ပေးခြင်းဖြင့် ပြောင်လက်သန့်ရှင်းသွားမှာ ဖြစ်ပါတယ်။
Credit : aunty may
Zawgyi ဖြင့်ဖတ်ပါ
မီးသွေးမှုန့် ဟာ အရှေ့တိုင်းမှာရော အနောက်တိုင်းမှာပါ ဆေးပညာ၊ ကျန်းမာရေး၊ အလှအပရေးရာတွေမှာ တွင်ကျယ်စွာ အသုံးပြုလာတာ ကြာလှပါပြီနော်။ အလွယ်တကူရနိုင်တဲ့ မီးသွေးမှုန့်ကို နေ့စဉ် ဘဝ မွာ ဘယ်လိုအသုံးပြုရမလဲ၊ ဘယ်လောက်တောင် အသုံးဝင်လဲဆိုတာ ကြည့်လိုက်ပါဦးနော်။
(၁) အသားအေရကို ကြည်လင်စေတယ်
ပျားရည်တစ်ဇွန်းနဲ့ မီးသွေးမှုန့်အနည်းငယ်ကို ရောပြီးလိုအပ်ရင် ရေနွေးအနည်းငယ်ကိုပါ ရောပေးနိုင်ပါတယ်။ ပြီးရင်တော့ ရလာတဲ့ အနှစ်ကို မျက်နှာမှာလိမ်းပြီး (၁၀) မိနစ်အကြာမှာ ရေဆေးပေးလိုက်ပါ။ ကြည်လင်ဝင်းပတဲ့ အသားအေရေလးကို ရရွိမွာပါ။
(၂) အဆိပ်အတောက်တွေ ပြေစေတယ်
မီးသွေးမှုန့်အနည်းငယ်ကို သံပုယိုသီး၊ သကြားအနည်းငယ်နဲ့ ရောပြီး သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရုံသာမက အဆီကိုလည်း ကျစေပါတယ်။ နောက်ပြီး ကျောက်ကပ်ကိုလည်း အထူးကျန်းမာစေပါတယ်။
(၃) ဆံပင်ကို သန့်ရှင်းစေတယ်
သင့်ခေါင်းမှာ အောက်သိုးသိုးအနံ့မျိုး ဒါမှမဟုတ် အနံ့တစ်ခုခု စွဲသွားခဲ့ရင် ခေါင်းလျှော်ရည်ထဲ မီးသွေးမှုန့်အနည်းငယ် ထည့်ပြီး လျှော်ပေးခြင်းဖြင့် ဆံပင်အနံ့လေးကို ကောင်းမွန်စေပြီး ဦးရေပြားကိုလည်း သန့်ရှင်းစင်ကြယ်စေပါတယ်။

(၄) သွားတွေကို ဖြူဖွေးစေတယ်
မီးသွေးမှုန့် အနည်းငယ်ကိုယူပြီး သွားပွတ်တံလေးနဲ့ သွားတိုက်ပေးခြင်းဖြင့် ဖြူဖွေးတဲ့ သွားလေးတွေကို ရရွိမွာပါ။ မီးသွေးမှုန့်ဟာ သြားမွာ စွဲကျန်နေတဲ့ အရောင်တွေကို ချွတ်ပေးနိုင်တာကြောင့်ပါ။
(၅) မြေသြဇာဖြစ်တယ်
အပင်စိုက်သူတွေ အနေနဲ့ မြေကြီးထဲကို မီးသွေးမှုန့်ရောပေးခြင်းဖြင့် မြေသြဇာဖြစ်စေလို့ အပင်တွေကို ရှင်သန်ကြီးထွားစေပါတယ်။
(၆) အနာတွေကို ပျောက်ကင်းစေတယ်
အကောင်ပလောင်တွေ အကိုက်ခံရတဲ့အခါဖြစ်ဖြစ်၊ ထိမိရွမိတဲ့ နေရာတွေမှာ မီးသွေးမှုန့်ကို အုန်းဆီအနည်းငယ်နဲ့ ရောပြီးလိမ်းပေးခြင်းဖြင့် အနာအကျက် မြန်စေပါတယ်။

(၇) အိုးခွက်တွေကို ပြောင်လက်စေတယ်
မီးသွေးမှုန့်ကို စတီးဝူးနဲ့တို့ကာ အိုးတွေ၊ ကြွေပြားတွေကို တိုက်ပေးခြင်းဖြင့် ပြောင်လက်သန့်ရှင်းသွားမှာ ဖြစ်ပါတယ်။
Credit : aunty may