လက်ထပ်ပြီး (၁၉) နှစ်ကြာပေါင်းသင်းပြီးမှ ဇနီးဖြစ်သူက မိန်းမ အစစ်မဟုတ်ကြောင်း သိခဲ့ရတဲ့အမျိုးသားတစ်ဦးရဲ့အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

လက်ထပ်ပြီး (၁၉) နှစ်ကြာပေါင်းသင်းပြီးမှ ဇနီးဖြစ်သူက မိန်းမ အစစ်မဟုတ်ကြောင်း သိခဲ့ရတဲ့အမျိုးသားတစ်ဦးရဲ့အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ Jan လို့အ မည်ရှိတဲ့ ဘယ်လ်ဂျီယံ အမျိုးသားတစ်ဦးက Monica လို့အမည်ရှိတဲ့ အင်ဒိုနီးရှား အမျိုး သမီးတစ်ဦးနဲ့ (၁၉၉၃) ခုနှစ်က လက်ထပ်လာခဲ့ကြပါတယ်။

ဘယ်လ်ဂျီယံ လူဝင်မှုကြီးကြပ်ရေး အာဏာ ပိုင်တွေကြောင့် သူတို့နှစ်ဦး လက်ထပ်ရေးမှာ အ ခက်အခဲတွေ ရှိခဲ့ပေမယ့်လည်း အဲ့ဒီကြားထဲက ရအောင်လက်ထပ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း သူတို့ နှစ်ဦးအကြား ယုံ ကြည်မှုပြိုကွဲစေမယ့် ဖြစ်ရပ်တစ်ခုပေါ် ပေါက်လာခဲ့ပါတယ်။ ၎င်းက Jan လက်ထပ်ထားတဲ့ အမျိုးသမီးက မိန်းမအစစ် မဟုတ်ဘူးဆိုတဲ့ (၁၉) နှစ်ကြာမှပေါ်ပေါက်လာခဲ့တဲ့ အမှန်တရားကြောင့်ပဲဖြစ်ပါတယ်။

ကိုယ်ထိ လက်ရောက် စော်ကားကျူးလွန် ခံလိုက်ရသလို ခံစားရတယ်။ ကျွန်တော့်သူ့ကို ဘယ်လ်ဂျီယံကို လွယ်လွယ် ကူကူ ခေါ်လာခဲ့ရတာ မဟုတ်ခဲ့ပါဘူး။

သူမနဲ့ပတ်သက်ပြီးတရားရုံးရဲ့ နှိုက်နှိုက် ချွတ်စစ်ဆေးမှုတွေကိုလည်း ခံခဲ့ရပါတယ်။ ဒါပေမယ့် နောက် ဆုံးမှာတော့ လက်ခံပေးလာခဲ့ပါတယ်။

သူမက တကယ့်ကို စွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက် ဆိုလည်းမမှားပါဘူး။ တကယ့်မိန်းမ အစစ်လိုပါပဲ။ ယောက်ျားဆိုတဲ့ ပုံစံ လက္ခဏာမျိုး လုံးဝကိုမရှိခဲ့ပါဘူး။

သူမက မိန်းမအစစ်မဟုတ်တဲ့အကြောင်းကို အိပ်ယာပေါ်မှာတောင်မှ ကျွန်တော် သတိမထားမိခဲ့ဘူးလို့ Jan ကပြောပြလာပါတယ်။

Monica တစ်ယောက် အချိန်ပြည့် အလုပ်ရလာပြီးတဲ့ နောက်ပိုင်းမှာပဲ သူတို့နှစ်ဦးရဲ့ လက်ထပ်ခြင်းက စပြီးပြို ကွဲလာခဲ့ပါတယ်။ သူမက Jan ရဲ့ကလေးတွေအတွက် အစ်မကြီးတစ်ယောက်လို ဖြစ်လာခဲ့ပြီး သူမနဲ့ပတ်သက်တဲ့ ထူးခြားမှုတွေကို သတိထားမိလောက်တဲ့အထိ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးဖြစ်လာခဲ့ပါတယ်။ Monica ကစပြီးပြောင်းလဲလာပါတယ်။

သားအကြီးကောင်က သူ့ကို နိုက်ကလပ်မှာ မကြာခဏ တွေ့မိတယ်ပြောပါတယ်။ အမြင်ရိုင်းတဲ့ အတိုအပြတ်တွေကို သူဝတ်လာခဲ့တယ်။ ဒါကြောင့်ပဲ ဒီကိစ္စဘူးပေါ်သလိုပေါ်ခဲ့ရပါတယ်။

သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို လာပြောတယ် Monica က လိင်ပြောင်းထားတဲ့သူလို့ ကျွန်တော်မယုံနိုင်ခဲ့ပါဘူး။ သားကလည်းဒီကောလ ဟလအ ကြောင်းကို ကျွန်တော့်ကိုပြောပြပါတယ်။

သူ့ကို နံရံဆွဲကပ်လိုက်ပြီး မင်းကယောက်ျးမဟုတ်လား ငါအမှန်တရားကို သိတယ်လို့ ပြောလိုက်ပါတယ်။ အဲ့ဒီမှာပဲ သူက ယော က်ျားအဖြစ် မွေးဖွားခဲ့သူဖြစ်ပြီး လိင်ပြောင်းခွဲစိတ်ထားတဲ့ သူဖြစ်တဲ့အကြောင်း ခုလက်ရှိမှာတော့ မိန်းမတစ်ယောက်ဖြစ်တာကြောင့် အတိတ်တွေကို ပြန်ပြောဖို့မလိုဘူးလို့လည်း ပြန်ဖြေလာခဲ့ပါတယ်။

ကျွန်တော့်ကမ္ဘာကြီး ပြိုပျက်သွားတာပဲဗျာ။ အဲ့ဒီနေ့က အကြီး အကျယ် ပေါက်ကွဲခဲ့ပါတယ်။ ရဲတွေ ရောက် လာရတဲ့အထိပဲ လို့ Jan က ဖွင့်ဟလာခဲ့ပါတယ်။

Janမှာ အရင်အိမ်ထောင်နဲ့ ကလေးနှစ်ယောက်ရှိပါတယ်။ ဒါကြောင့်လည်း အသက် (၆၄) နှစ်အရွယ် Janနဲ့ အသက် (၄၈) နှစ်အရွယ် ဇနီးဖြစ်သူ Monica တို့က က လေးထပ်မယူဖို့ ဆုံးဖြတ်လာခဲ့ပါတယ်။

အခုဆိုရင်တော့ Jan ကစိတ်ကျန်းမာရေး ကုသမှုခံယူနေရပြီး လက်ထပ်ခဲ့တာကို ဘယ်လ်ဂျီယံတရားရုံးကနေ ပယ်ဖျက်ဖို့ ကြိုးစားလာခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီကိစ္စကို တရားရုံးက ငြင်းဆိုခဲ့ပြီး Monica ကိုသူမရဲ့ ဇာတိကိုပြန်ပို့မယ့် ကိစ္စကိုလည်း ခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။

ပရိတ်သတ်ကြီးအား လုံးလည်း သူတို့နှစ်ယောက် အပေါ်မှတ်ချက်လေးတွေ ရေး သားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပ ရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ် ဖြစ်ပါစေ ခင်ဗျာ။ Credit TopCeleFan

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *