မိန်းမတစ်ယောက် တစ်ကယ်စိတ်ကုန်သွားပြီဆိုရင် ဖြစ်လာမယ့် အရာ(၅)ခု…

မိန်းမတစ်ယောက် တစ်ကယ်စိတ်ကုန်သွားပြီဆိုရင် ဖြစ်လာမယ့် အရာ(၅)ခု…

မိန်းကလေးတွေဟာ ယောက်ျားလေးတစ်ယောက်ကို ရူးရူးမူးမူး ချစ်မိသွားတဲ့အခါမှာ လွယ်လွယ်နဲ့ စိတ်မကုန်တတ်ပါဘူးနော် ….။ ကိုယ့်ကို ဘယ်လောက်ပဲ နာကျင်အောင်လုပ်လုပ်၊ ဘယ်လောက်ပဲ စိတ်ပျက်အောင်လုပ်လုပ် လွယ်လွယ်နဲ့ စိတ်မကုန်တတ်သလို၊ အရမ်းလည်းခွင့်လွှတ်နိုင်တဲ့ သူတွေပဲဖြစ်ပါတယ်နော် …။

ဒါပေမယ့် မိန်းကလေးတွေဟာ သူတို့အရူးအမူးချစ်ရတဲ့ သူအပေါ်မှာ တကယ်စိတ်ကုန်သွားပြီဆိုရင်လည်း သူတို့လောက်ပြတ်သားတဲ့သူ မရှိတော့ပါဘူးနော် …. ။ဒါကြောင့် သင့်ကို အရူးအမူးချစ်တဲ့ မိန်းကလေးတစ်ယောက်ကို စိတ်ကုန်အောင် မလုပ်မိပါစေနဲ့နော်။ ဒီလိုလူမျိုးဟာ အရမ်းရှားသွားပြီ မို့လို့ပါပဲ …။

(၁) ဂရုမစိုက်တော့ဘူး”

သင့်ကို အရူးအမူးချစ်တဲ့ မိန်းကလေးတစ်ယောက် တကယ်စိတ်ကုန်သွားပြီ ဆိုရင်တော့ သင့်ကို လုံးဝဂရုစိုက်တော့မှာ မဟုတ်ပါဘူး ။ အရင်က သင့်ကိုဖုန်းတွေ တဂွမ်ဂွမ်ဆက်၊ စာတွေ ခဏခဏပို့ပြီး ဘယ်သွားနေလဲ၊ ဘာလုပ်နေလဲ အမြဲဂရုစိုက်တတ်တဲ့ မိန်းကလေးက သင့်ကို စိတ်ကုန်သွားပြီဆိုရင် ဖုန်းတွေဆက်ဖို့ နေနေသာသာ သင်ဆက်တဲ့ ဖုန်းကိုတောင် ကိုင်ချင်စိတ် မရှိတော့ပါဘူး ။ သင်နဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာကိုမှ သူမသိချင်တော့သလို၊ စိတ်ဝင်စားတော့မှာလည်း မဟုတ်ပါဘူး …။

(၂) ခွင့်မလွှတ်တော့ဘူး”

အရင်က သင်အမှားတွေကို အကြိမ်ကြိမ် ကျူးလွန်တာတောင် အမြဲတမ်း ခွင့်လွှတ်ပေးတဲ့ မိန်းကလေးက သင့်ကိုတကယ်စိတ်ကုန်သွားပြီဆိုရင် ခွင့်လွှတ်တော့မှာ မဟုတ်ပါဘူး … ။သင့်ရဲ့ အမှားသေးသေးလေးကအစ သူခွင့်မလွှတ်နိုင်တော့ပါဘူး ။ အကြောင်းကတော့ သင်ပေးခဲ့တဲ့ ဒဏ်ရာတွေက သူ့ ရင်နဲ့မဆံ့အောင် များပြားလွန်းနေပြီ ဖြစ်လို့ပါပဲ …။

(၃) စိတ်မရှည်တော့ဘူး”

အရင်က သင့်အပေါ် အမြဲတမ်းစိတ်ရှည်ပြီး ချော့မော့ပြောဆိုတတ်တဲ့၊ သင့်ကိုအမြဲတမ်း အလိုလိုက် အကြိုက်ဆောင်ပေးတဲ့ မိန်းကလေးဟာ တကယ်စိတ်ကုန်သွားပြီ ဆိုရင်တော့ သင့်အပေါ်ကို စိတ်ရှည်တော့မှာ မဟုတ်ပါဘူးနော်။ သင့်ကို တစ်ခွန်းပြောလို့ ရရင်ရ ၊ မရရင်လည်း ဘာမှလေကုန် ခံနေတော့မှာ မဟုတ်သလို၊ သင့်ကိုခေါင်းထဲကို ထည့်တော့မှာ မဟုတ်ပါဘူး ။ သူ့ရဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာကို သင်ကျော်လွန်သွားပြီမို့လို့ပါပဲ …။

(၄) ပြန်လက်မခံတော့ဘူး”

အရင်က သင့်အမှားတွေကို အမြဲခွင့်လွှတ်ပြီး သင့်ကို အမြဲပြန်လက်ခံ ပေးတတ်တဲ့ မိန်းကလေးတစ်ယောက် သင့်ကို တကယ် စိတ်ကုန်သွားပြီဆိုရင် သင်ဘယ်လောက်ပဲ ဦးညွတ်တောင်းပန်နေလည်း ပြန်လက်ခံတော့မှာ မဟုတ်ပါဘူး … ။ သူ့အတွက်တော့ သင်နဲ့ပတ်သက် နေရတာဟာ အရမ်းပင်ပန်းလွန်းတယ်လို့ ခံစားရနေရပြီ ဖြစ်ပါတယ် ။ ဒါကြောင့် သင့်ဘေးနားမှာနေပြီး စိတ်ဆင်းရဲနေရမှာထက် ဝေးသထက်ဝေးရာကိုပဲ သွားပြီး စိတ်အေးလက်အေး နေချင်တဲ့စိတ်ပဲ ရှိတော့မှာပါ …။

(၅) ဘဝသစ်ဖန်တီးတော့မယ်”

အရင်က သင်မရှိရင် သူ့ဘဝကြီးက ရှင်လျှက်နဲ့ သေနေသလို ခံစားရပြီး သင်ဟာ သူ့ဘဝရဲ့ မရှိမဖြစ်လို့ ခံယူထားတဲ့ မိန်းကလေးတစ်ယောက် တကယ်စိတ်ကုန်သွားပြီဆိုရင်တော့ သင်မပါတဲ့ ဘဝသစ်တစ်ခုကို တည်ဆောက်တော့မှာပါပဲ။ တစ်နည်းအားဖြင့် သူ့ဘဝထဲကနေ သင့်ကို ဆွဲထုတ်လိုက်တော့မှာပါပဲ ဖြစ်ပါတယ်။ သင်မပါတော့တဲ့ ဘဝတစ်ခုမှာ သူ့ကိုပျော်ရွှင်စေမယ့် အရာတွေကိုပဲ သူရွေးချယ်တော့မှာပါ …. ။ အကြောင်းကတော့ သင့်ကို လုံးဝဥသုံ စိတ်ကုန်သွားလို့ပဲ ဖြစ်ပါတယ်နော် …။ ။

Em Em

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *