ရခိုင်စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူငွေ သိန်း (၅၀)ကို ကူညီလှူဒါန်းခဲ့ကြတဲ့ ရခိုင်အနုပညာရှင်များ

ပရိသတ်ကြီးရေ .. အလိုတော်ပြည့်ဆရာတော်ကြီး ဦးဆောင်ပြီး ရခိုင်အနုပညာရှင်တွေဖြစ်တဲ့ ရတနာမိုင် ၊ နေတိုးနဲ့ နေထက်လင်းတို့မိသားစုက ရခိုင်ပြည်နယ်အတွက် တက်အားသလောက် ကူညီလှူဒါန်းနေကြတာဖြစ်ပါတယ် ။ လတ်တလောမှာလည်း ရခိုင်စစ်ဘေးရှောင်ပြည်သူတွေအတွက် ပါဝင်လှူဒါန်းခဲ့ကြတယ်လို့သိရပါတယ် ။

အလိုတော်ပြည့်ဆရာတော်ဘုရားကြီးအားဦးထိပ်ထားလျက် ဩစီရောက် ရခိုင်မိသားစုများမှ စုပေါင်းပြီး ရခိုင်စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်း (၅၀) လှူဒါန်းသည့်အလှူငွေအား ဘုန်းဘုန်း ဦးဇင်း blue ရဲ့သားသမီးများဖြစ်ကြတဲ့ နေထက်လင်း မိသားစု ၊ နေတိုး ၊ မိုင်လေး နဲ့ ထက်လင်းအောင် တို့က အလှူလက်ခံပေးခဲ့ကြတာဖြစ်ပါတယ် ။အလှူပုံရိပ်လေးတွေကိုတော့ ရတနာမိုင်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။

ရခိုင်တိုင်းရင်းသားအနုပညာရှင်တွေ အနေနဲ့ ရခိုင်ပြည်စစ်ဘေးရှောင်ပြည်သူတွေအတွက် အားတက်သရော ပါဝင်ကူညီပေးမှုအတွက် ပရိသတ်တွေက လေးစားဂုဏ်ယူကြောင်းနဲ့သာဓုခေါ်ဆိုတဲ့ မှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။ ရခိုင်အနုပညာရှင်တွေရဲ့ အလှူလေးအတွက် ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Yadanar My
Maria (Yaung Chi)

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *