မိန္းကေလးမ်ားအားလုံး ခ်စ္ေတာ့ခ်စ္ပါ စိတ္ကို အလိုမလိုက္ပါနဲ႔

က်မ ေဆးဆရာမ တစ္ေယာက္ပါ။” မေန႔က က်မရဲ႕ ေဆးခန္းကို မိန္းကေလးတစ္ေယာက္ ေရာက္လာၿပီး မၾကာခင္မွာ ဆုံးသြားတယ္။အေၾကာင္းရင္းကို သူ႔ကိုယ္ လိုက္ပို႔တဲ့ သူငယ္ခ်င္းကိုေမးၾကည့္ေတာ့ဒီမိန္းကေလးရဲ႕ ခ်စ္သူေကာင္ေလးဟကိုယ္ဝန္ရွိေတာ့ ထားခဲ့တယ္။

ဒီေတာ့ ကိုယ္ဝန္ကို ဘယ္သူမွမသိေအာင္ဖ်က္ခ်တယ္။ နည္းစနစ္မမွန္ေတာ့ တေခ်ာင္ေခ်ာင္နဲ႔ ဖ်ားတယ္။သူ႔အေမနဲ႔ အိမ္နီးနားခ်င္းေတြက႐ိုး႐ိုးဖ်ားတယ္ထင္ၾကတယ္။အခ်ိန္လြန္မွ က်မေဆးခန္း လာျပတယ္။သူမဟာ ပိုးဝင္ၿပီး ဆုံးသြားတယ္။ေနာက္တစ္ေယာက္ကလည္း က်မေဆးခန္းလာၿပီး ကေလးဖ်က္ခိုင္းတယ္။

ဖ်က္မခ်ေပးလို႔ ဆိုၿပီး သူ႔ကိုယ္သူ အဆုံးစီရင္သြားျပန္တယ္။ေျပာရင္ေတာ့အမ်ားႀကီးပါပဲ။ဒါေၾကာင့္ ေနာက္ကို ဒီလိုမ်ိဳးျပႆနာေတြျဖစ္ေအာင္ အမ်ိဳးသမီးခ်င္း ကိုယ္ခ်င္းစာတဲ့အေနနဲ႔ က်မတို႔ေတြ တိုင္ပင္ၿပီး” ျမင္မိုရ္ေဂဟာ” ဆိုတဲ့ နာမည္နဲ႔ဖခင္မဲ့ေမြးခ်င္တဲ့ မိန္းကေလးမ်ားအတြက္ အခမဲ့ ဖြင့္ထားပါတယ္။

ခုဆို ေမြးလူနာေပါင္း ၁၀၀မွ်ရွိေနပါၿပီးတဲ့။ဒီအေၾကာင္းရာေတြကို သင္ခန္းစာယူၿပီး က်မရဲ႕ သမီးေလးေတြကို ခုလိုဆုံးမစကား ေျပာရပါတယ္။” ဒီမယ္ သမီးတို႔ မွတ္ထားပါ။အေမတို႔လိုမိန္းမသားေတြဟာ အမ်ားေသာအားျဖင့္ဘဝ ေလးမ်ိဳးကိုျဖတ္သန္းရတယ္။

၁) ကေလး ဘဝ၂) အပ်ိဳ ဘဝ၃) အအို ဘဝ၄) မိခင္ ဘဝဆိုၿပီး ဘဝကို ေလးမ်ိဴးနဲ႔ရပ္တည္ရတယ္။ေအး ေကာင္းၿပီ ဒီမိန္းကေလး(၄)မ်ိဳးကို ေနာက္ထပ္မိန္းမ (၃)မ်ိဳး ထပ္ခြဲပါတယ္။ပထမ မိန္းမအမ်ိဳးစားကသူတို႔ရဲ႕ မ်က္ႏွာအလွႏွင့္ ခႏၶာကိုအေရျပားေပၚမွာ ေဆးေရာင္စုံျခယ္သၿပီးဘဝကို ရပ္တည္တဲ့ မိန္းမသားမ်ိဴး။

(သူတို႔ကို ေမာ္ဒန္ႏွင့္ ႐ုပ္ရွင္မင္းသမီးလို႔ဆိုပါစို႔)ဒုတိယ မိန္းမ အမ်ိဴးစားကသူ႔တို႔ရဲ႕ ခႏၶာကိုယ္ အတြင္းအျပင္ကိုအရင္းတည္ၿပီး ေယာက္်ားႀကီးငယ္တို႔၏ကာမ ရမၼက္ကို ျဖည့္စီးေပးရင္း စီးပႊားရွာ၍ ဘဝကို ရပ္တည္တဲ့ မိန္းမသားမ်ိဳး။( သူတို႔ကို ျပည္တန္းဆာ မိန္းမမ်ိဳးလို႔ဆိုပါစို႔)

တတိယ မိန္းမ အမ်ိဳးစားကေတာ့အသိပညာ|အတတ္ပညာကို အေျခခံၿပီး ဘဝကို အဓိပၸါယ္ရွိရွိ ရပ္တည္ေနၾကတဲ့မိန္းမဆိုၿပီး ေလာကႀကီးမွာ မိန္းမ ၃မ်ိဳးရွိတယ္ သမီး။မိန္းကေလး တစ္ေယာက္ဟာ ဥပမာစာမ်က္ႏွာ (၇၅)႐ြက္ပါတဲ့ စာအုပ္တစ္အုပ္ဆိုရင္အသက္(၁၄)ႏွစ္ကေန (၂၅)ႏွစ္အတြင္းမွာ အထူး သတိထားေရးသားဖို႔လိုပါတယ္။

ဒါမွသာ ေနာက္ လွန္ၾကည့္မဲ့ စာမ်က္ႏွာေတြဟာ လွပလာမွာပါ။ “အေမကလည္း တခ်ိဳ႕ မိန္းကေလးေတြဆို အသက္က(၂၀)မျပည့္ေသးဘူး ရည္းစားက (၅)ေယာက္ေလာက္ ထားၿပီးၿပီ။””ဒီမယ္သမီး ဒါေတြကို အားမက်ပါနဲ႔ ရည္းစားတစ္ေယာက္နဲ႔ ကြဲသြားလို႔သူနဲ႔အတူ တြဲ႐ိုက္ထားတဲ့ ဓာတ္ပုံေတြကိုေပ်ာက္ပ်က္လိုက္ေပမဲ့

သူရဲ႕ ပုံရိပ္ေတြက သမီးရဲ႕ အနာဂတ္ေတြကိုဖ်က္စီးျပစ္ႏိူင္တယ္ေနာ္။”” ဒီမယ္ သမီးေလး မွတ္ထားပါ။ေလာကမွာ ကိုယ္က်င့္တရားႏွင့္ ဣေျႏၵသိကၡာနဲ႔ ျပည့္စုံတဲ့ မိန္းကေလးတစ္ေယာက္ဆိုရင္ ညအခါမွာ ေကာင္းကင္ကေန အလင္းေပးေနတဲ့ လမင္းေလးနဲ႔တူပါတယ္။

တစ္ရက္နဲ႔ တစ္ရက္ ပိုပိုၿပီး လင္းလက္ေတာက္ပလာမယ္။သို႔ေသာ္ မိမိရဲ႕ သိကၡာတရားေတြအားလုံးကို ဆႏၵနဲ႔ လဲမိရင္ေတာ့လဆုတ္လကြယ္ညေတြလို ၾကာေလေမွာင္ေလ| ၾကာေလဘဝအေမွာင္ႀကီးထဲကိုက်သြားတတ္တယ္ဆိုတာ သမီးေလးတို႔ မေမ့ပါနဲ႔။ဒါေၾကာင့္ သမီးေလးတို႔ရဲ႕ က်န္ရွိေနတဲ့ဘဝ စာမ်က္ႏွာတိုင္းမွာ သမိုင္းေကာင္းမ်ားေရးထိုးႏိူင္ၿပီး မိမိရဲ႕ ခႏၶာ|မိမိရဲ႕ လိပ္ျပာကို ျဖဴစင္သန႔္ရွင္းေနေအာင္ ႀကိဳးစားထားႏိူင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ေမတၱာျဖင့္Z. C ( ေ႐ႊကုန္း႐ြာ )

မိန်းကလေးများအားလုံး ချစ်တော့ချစ်ပါ စိတ်ကို အလိုမလိုက်ပါနဲ့

ကျမ ဆေးဆရာမ တစ်ယောက်ပါ။” မနေ့က ကျမရဲ့ ဆေးခန်းကို မိန်းကလေးတစ်ယောက် ရောက်လာပြီး မကြာခင်မှာ ဆုံးသွားတယ်။အကြောင်းရင်းကို သူ့ကိုယ် လိုက်ပို့တဲ့ သူငယ်ချင်းကိုမေးကြည့်တော့ဒီမိန်းကလေးရဲ့ ချစ်သူကောင်လေးဟကိုယ်ဝန်ရှိတော့ ထားခဲ့တယ်။

ဒီတော့ ကိုယ်ဝန်ကို ဘယ်သူမှမသိအောင်ဖျက်ချတယ်။ နည်းစနစ်မမှန်တော့ တချောင်ချောင်နဲ့ ဖျားတယ်။သူ့အမေနဲ့ အိမ်နီးနားချင်းတွေကရိုးရိုးဖျားတယ်ထင်ကြတယ်။အချိန်လွန်မှ ကျမဆေးခန်း လာပြတယ်။သူမဟာ ပိုးဝင်ပြီး ဆုံးသွားတယ်။နောက်တစ်ယောက်ကလည်း ကျမဆေးခန်းလာပြီး ကလေးဖျက်ခိုင်းတယ်။

ဖျက်မချပေးလို့ ဆိုပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားပြန်တယ်။ပြောရင်တော့အများကြီးပါပဲ။ဒါကြောင့် နောက်ကို ဒီလိုမျိုးပြဿနာတွေဖြစ်အောင် အမျိုးသမီးချင်း ကိုယ်ချင်းစာတဲ့အနေနဲ့ ကျမတို့တွေ တိုင်ပင်ပြီး” မြင်မိုရ်ဂေဟာ” ဆိုတဲ့ နာမည်နဲ့ဖခင်မဲ့မွေးချင်တဲ့ မိန်းကလေးများအတွက် အခမဲ့ ဖွင့်ထားပါတယ်။

ခုဆို မွေးလူနာပေါင်း ၁၀၀မျှရှိနေပါပြီးတဲ့။ဒီအကြောင်းရာတွေကို သင်ခန်းစာယူပြီး ကျမရဲ့ သမီးလေးတွေကို ခုလိုဆုံးမစကား ပြောရပါတယ်။” ဒီမယ် သမီးတို့ မှတ်ထားပါ။အမေတို့လိုမိန်းမသားတွေဟာ အများသောအားဖြင့်ဘဝ လေးမျိုးကိုဖြတ်သန်းရတယ်။

၁) ကလေး ဘဝ၂) အပျို ဘဝ၃) အအို ဘဝ၄) မိခင် ဘဝဆိုပြီး ဘဝကို လေးမျိူးနဲ့ရပ်တည်ရတယ်။အေး ကောင်းပြီ ဒီမိန်းကလေး(၄)မျိုးကို နောက်ထပ်မိန်းမ (၃)မျိုး ထပ်ခွဲပါတယ်။ပထမ မိန်းမအမျိုးစားကသူတို့ရဲ့ မျက်နှာအလှနှင့် ခန္ဓာကိုအရေပြားပေါ်မှာ ဆေးရောင်စုံခြယ်သပြီးဘဝကို ရပ်တည်တဲ့ မိန်းမသားမျိူး။

(သူတို့ကို မော်ဒန်နှင့် ရုပ်ရှင်မင်းသမီးလို့ဆိုပါစို့)ဒုတိယ မိန်းမ အမျိူးစားကသူ့တို့ရဲ့ ခန္ဓာကိုယ် အတွင်းအပြင်ကိုအရင်းတည်ပြီး ယောက်ျားကြီးငယ်တို့၏ကာမ ရမ္မက်ကို ဖြည့်စီးပေးရင်း စီးပွှားရှာ၍ ဘဝကို ရပ်တည်တဲ့ မိန်းမသားမျိုး။( သူတို့ကို ပြည်တန်းဆာ မိန်းမမျိုးလို့ဆိုပါစို့)

တတိယ မိန်းမ အမျိုးစားကတော့အသိပညာ|အတတ်ပညာကို အခြေခံပြီး ဘဝကို အဓိပ္ပါယ်ရှိရှိ ရပ်တည်နေကြတဲ့မိန်းမဆိုပြီး လောကကြီးမှာ မိန်းမ ၃မျိုးရှိတယ် သမီး။မိန်းကလေး တစ်ယောက်ဟာ ဥပမာစာမျက်နှာ (၇၅)ရွက်ပါတဲ့ စာအုပ်တစ်အုပ်ဆိုရင်အသက်(၁၄)နှစ်ကနေ (၂၅)နှစ်အတွင်းမှာ အထူး သတိထားရေးသားဖို့လိုပါတယ်။

ဒါမှသာ နောက် လှန်ကြည့်မဲ့ စာမျက်နှာတွေဟာ လှပလာမှာပါ။ “အမေကလည်း တချို့ မိန်းကလေးတွေဆို အသက်က(၂၀)မပြည့်သေးဘူး ရည်းစားက (၅)ယောက်လောက် ထားပြီးပြီ။””ဒီမယ်သမီး ဒါတွေကို အားမကျပါနဲ့ ရည်းစားတစ်ယောက်နဲ့ ကွဲသွားလို့သူနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကိုပျောက်ပျက်လိုက်ပေမဲ့

သူရဲ့ ပုံရိပ်တွေက သမီးရဲ့ အနာဂတ်တွေကိုဖျက်စီးပြစ်နိူင်တယ်နော်။”” ဒီမယ် သမီးလေး မှတ်ထားပါ။လောကမှာ ကိုယ်ကျင့်တရားနှင့် ဣန္ဒြေသိက္ခာနဲ့ ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ဆိုရင် ညအခါမှာ ကောင်းကင်ကနေ အလင်းပေးနေတဲ့ လမင်းလေးနဲ့တူပါတယ်။

တစ်ရက်နဲ့ တစ်ရက် ပိုပိုပြီး လင်းလက်တောက်ပလာမယ်။သို့သော် မိမိရဲ့ သိက္ခာတရားတွေအားလုံးကို ဆန္ဒနဲ့ လဲမိရင်တော့လဆုတ်လကွယ်ညတွေလို ကြာလေမှောင်လေ| ကြာလေဘဝအမှောင်ကြီးထဲကိုကျသွားတတ်တယ်ဆိုတာ သမီးလေးတို့ မမေ့ပါနဲ့။

ဒါကြောင့် သမီးလေးတို့ရဲ့ ကျန်ရှိနေတဲ့ဘဝ စာမျက်နှာတိုင်းမှာ သမိုင်းကောင်းများရေးထိုးနိူင်ပြီး မိမိရဲ့ ခန္ဓာ|မိမိရဲ့ လိပ်ပြာကို ဖြူစင်သန့်ရှင်းနေအောင် ကြိုးစားထားနိူင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။မေတ္တာဖြင့်Z. C ( ရွှေကုန်းရွာ )

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *