ပရိသတ်ကြီးရေ ဒီနေ့ ဇန်နဝါရီလ (၃၀)ရက်နေ့ကတော့ ပရိသတ်တွေရဲ့အချစ်တော်တွေဖြစ်တဲ့ အဆိုတော်လင်းလင်းနဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်တောင် အဆိုတော် ချစ်သုဝေတို့ ဇနီးမောင်နှံရဲ့မင်္ဂလာနှစ်ပတ်လည်ကျရောက်တဲ့ နေ့လေးပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက မင်္ဂလာသက်တမ်း (၇)နှစ်ပြည့်မြောက်တာပဲဖြစ်ပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ နေနဲ့လရွှေနဲ့မြလိုလိုက်ဖက်ညီလွန်းပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်ရှိလှတာကြောင့် ပရိသတ်တွေ အားကျနေရတဲ့ အနုပညာရှင်စုံတွဲတွေထဲမှာ တစ်တွဲအနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။ ဒီနေ့မှာကျရောက်တဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ရဲ့ မင်္ဂလာနှစ်ပတ်နေ့လေးအတွက် ဆုမွန်ကောင်းစကားတွေနဲ့ ပရိသတ်တွေက အသီးသီးဆုတောင်းပေးနေကြပါသေးတယ်။

Happy Anniversary ပါ လင်းလင်းနဲ့ ထရီဇာရေ။ (၇)နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးကနေစပြီး နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်နဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ။ စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ ပရဟိတအလုပ်တွေကို ပိုမိုလုပ်ကိုင်နိုင်ပါစေလို့လည်း CeleGabar ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ CeleZone ပရိသတ်ကြီးတွေလည်း လင်းလင်းနဲ့ ထရီဇာတို့အတွက် ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦး။

Chilli – CeleGabar
Photo Credit – Htwe Lin Ko, Chit Thu Wai