၂၀၂၁ မှာ တစ်ကြော့ပြန်ခေတ်စားလာတဲ့ မင်နီတက်တူး

တက်တူးလို့ပြောလိုက်ရင် များသောအားဖြင့် အနက်ရောင်မင်နဲ့ရေးထိုးကြတဲ့ တက်တူးပုံတွေကများပါတယ်။ သင်ဟာ သူများနဲ့မတူတဲ့ ထူးခြားတဲ့ တက်တူးပုံတစ်ခုထိုးဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒီနေ့ပြောပြမယ့် မင်နီတက်တူးတွေက ကွက်တိဖြစ်စေမှာပါ။ မင်နီတက်တူးဆိုတာ အနီရောင်မင်တစ်မျိုးတည်းကို အသုံးပြုပြီး ရေးထိုးထားတဲ့ တက်တူးပုံတွေပါ။ အနီတောက်တောက် (သို့) အနီရင့်ရောင် စသည်ဖြင့် သင့်စိတ်ကြိုက်ကာလာကိုရွေးနိုင်ပါတယ်။ များသော အားဖြင့် ပန်းပုံ ၊ တိရိစ္ဆာန်ပုံ ၊ စာတန်းပုံ ၊ trendy patterns တွေနဲ့ တခြားဒီဇိုင်းအမျိုးမျိုးရေးထိုးလေ့ရှိကြပါတယ်။

မင်နီတက်တူးတွေက လွန်ခဲ့တဲ့နှစ်တွေမှာ လူကြိုက်များခဲ့ပြီး ယခု ၂၀၂၁ ခုနှစ်မှာ အမျိုးသားတွေရော အမျိုးသမီးတွေကြားမှာပါ တစ်ဖန်ရေပန်းစားလာတဲ့ တက်တူးဒီဇိုင်းလို့ ပြောလို့ရပါတယ်။ သတိထားရမှာတစ်ခုက အနီရောင်မင်နဲ့ဓာတ်မတည့်ခြင်းတွေ ဖြစ်တက်တာကြောင့် စိတ်ချရတဲ့ tattoo artist တွေနဲ့ အရည်အသွေးကောင်းတဲ့ မင်ဆေးရည်ကိုအသုံးပြုဖို့ အကြံပြုချင်ပါတယ်။ အောက်မှာ လက်ရှိလူငယ်တွေကြားရေပန်းစားနေတဲ့ မင်နီတက်တူးပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

Source : Brightside

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *