နိုင်ငံရေးကိုအစကတည်းကဝါသနာမပါလို့ အမေရဲ့ နိုင်ငံရေးကိစ္စတွေမှာ ဆရာ၀င်မလုပ်တာလို့ ဆိုလိုက်တဲ့ ဒေါက်တာသက်သက်ခိုင်ရဲ့သမီး Vocal G

နိုင်ငံရေးအကြောင်း မပြောချင်လို့ကို ဘာမှမပြောဘဲ နေနေတာ။ဒါပေမဲ့ ညီမကိုဒီထဲဆွဲထည့်နေတဲ့သူတွေများလာတော့ အခုဝင်ပြောပါ့မယ်။

ညီမသာ နိုင်ငံရေးကို အစထဲက ဝါသနာပါခဲ့ရင် နိုင်ငံရေးကိုဘဲ အစထဲကလုပ်မှာ။ပရဟိတထဲတောင် ဝင်ခဲ့မှာမဟုတ်ပါဘူး။ နိုင်ငံရေးကို ထူးထူးခြားခြား ဝါသနာမပါပေမဲ့ ပြည်သူတစ်ယောက်အနေနဲ့ တော့ အခုလိုအဖြစ်အပျက်ကြီးကို ဂရုတော့စိုက်သင့်တယ်လို့ အကုန်လုံးကထင်မှာဘဲ။ မှန်ပါတယ်။

ညီမ လည်းဂရုစိုက်ပါတယ်။ အမေဖြစ်နေလို့ ဘာမှဝင်မပြောတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ပရဟိတသမားတစ်ယောက်အနေနဲ့ ဝင်မပါသင့်လို့ ကိုယ့်ခံယူချက်ကို ကိုယ့်စိတ်ထဲဘဲထားတာပါ။ နောက်ဆုံး ထုတ်ပြောရင်တောင် ကိုယ်နဲ့လူချင်းသိတဲ့သူတွေကိုဘဲ ထုတ်ပြောမှာပါ။

ညီမ ဘဝသည် အမေ့ဘဝ မဟုတ်သလို အမေ့ဘဝသည်လည်း ညီမဘဝ မဟုတ်ပါဘူး။ ကိုယ်ဝါသနာပါတာကိုဘဲ လုပ်ကြတာပါ။ နိုင်ငံရေးထဲ ဝင်မပါချင်ရင်တောင် မတရားမှုကိုတော့ နှုတ်ပိတ်ပြီးမနေသင့်ဘူးလို့ တချို့ကလည်း ပြောမှာပေါ့။ ဒါကတော့ ညီမ မလေ့လာထားတဲ့ ဘာသာရပ်မလို့ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်မှာ ဆရာဝင် မလုပ်ချင်တာပါ။

နိုင်ငံရေးမပြောနဲ့ ဘယ်နေရာမှာမဆို မတရားမှုကတော့ ရှိတာပါဘဲ။ ညီမ ကိုယ့်ဘာသာ ကိုယ်နေပြီး ကိုယ့်အလုပ် ကိုယ်လုပ်နေတာတောင် နိုင်ငံရေးထဲဆွဲထည့်ပြီးတော့ ဆဲနေကြတာလည်း အရမ်းတော့ မတရားဘူး။ ဒါကလည်းညီမ ဘာမှမတတ်နိုင်တဲ့ ကိစ္စပါ။ အဲ့လိုဘဲ မတရားမှုတွေအများစုက ကိုယ်ဘာမှ မတတ်နိုင်တာတွေများပါတယ်။

တစ်မိသားစုလုံးကိုမုန်းတယ်ဆိုလည်းရတယ်။ အမေကိုမုန်းပြီး ညီမကိုမမုန်းလည်း ရတယ်။ အမေကိုမမုန်းလည်း ညီမကိုမုန်းလို့ရတယ်။ ပရဟိတသမားတစ်ယောက်နေနဲ့တော့ လူကိုလူလို့ မြင်ရမဲ့ တာဝန်ရှိပါတယ်။ ညီမတို့က အသက်အရွယ်မရွေး၊ ကျားမ မရွေး၊ လူမျိုးဘာသာမရွေး၊ ဝါနီစိမ်းပြာ မရွေး ကူညီဖို့အစဉ်သင့်ပါဘဲ။ ကယ်ဆယ်ရေး ပရဟိတအသင်းတိုင်းကလည်း အထက်ပါဖေါ်ပြထားတဲ့ အရေးတွေနဲ့ မဆက်နွယ်ပါဘူးလို့ ကတိသစ္စာဆိုပြီးမှသာ အသင်းလိုင်စင်ကျတာပါ။ အကူညီလိုအပ်ရင် 09882883991 (သို့) 09882883992 ကိုဆက်သွယ်လို့ရပါတယ်။

မတရားတာတွေ ကြုံရရင် ပေါက်ကွဲတက်တာ လူ့သဘာဝပါ။ အဲ့တော့ ညီမရဲ့ post တွေအောက်မှာ ဝင်ဆဲကြပြီး ပေါက်ကွဲလို့ရပါတယ်။ ပြင်းတဲ့အခါ comment တွေ ဖတ်ပေးပါမယ်နော်။ ဒီနေ့အဖို့တော့ ဒီလောက်ပါဘဲ။ ဒီလောက် ရှည်ရှည်ဖတ်ပေးလို့အားလုံးကို ကျေးဇူးတင်ပါတယ်။

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *