ၿခံစည္း႐ိုးေက်ာ္ကာNLD အလံကို ျဖဳတ္ၿပီး ေျမာင္းထဲ လႊင့္ပစ္သြားတဲ့ ကိစၥ ပန္ဆယ္လိုေျပာၿပီ

ၿခံစည္း႐ိုးေက်ာ္ၿပီး အလံကိုျဖဳတ္ကာ ေျမာင္းထဲ လြင့္ပစ္ခဲ့တဲ့အေၾကာင္းကို Liveလြင့္ၿပီး ေျပာျပလာတဲ့ ပန္ဆယ္လို ဗီဒီယို

မနက္ေလးနာရီခြဲေက်ာ္ေလာက္ကတည္းက စစ္ဝတ္စုံနဲ႔ သုံးေယာက္ အိမ္ေရွ႕မွာ လာေစာင့္ေနတာပါ။ အိမ္တံခါး ဘဲလ္တီးေနတာပါ။ ျဖစ္ခ်င္ေတာ့ ကိုယ္က အိပ္ေပ်ာ္ေနလို႔ ၆နာရီထိုးမွ ႏိုးပါတယ္။ ၈နာရီေလာက္မွာ စစ္ဝတ္စုံနဲ႔ေရာ ရဲဝတ္စုံနဲ႔ေရာ ေထြအုပ္ စရဖလို႔ ထင္ရသူေတြ ထပ္လာတံခါးေခါက္ပါတယ္။ ဖြင့္မေပးေတာ့ အိမ္ေရွ႕က ေလာ္စပီကာနဲ႔ ေအာ္ပါတယ္။ မိဘေတြဆင္းေတြ႕ၾကပါတယ္။ ၿမိဳ႕နယ္မႉးလို႔ ဆိုပါတယ္။

အထက္အမိန႔္အရ ေမးစရာရွိလို႔ ေတြ႕ခြင့္ေပးဖို႔ေျပာပါတယ္။ ျငင္းဆန္လို႔ ျပန္သြားပါတယ္။ ၁၁နာရီေလာက္မွာ ေနာက္တစ္ေခါက္ ျ ပန္လာပါတယ္။ မိဘေတြ ထပ္ထြက္ေတြ႕ပါတယ္။ အဓိကကေတာ့ စစ္ေဆးစရာရွိလို႔ လိုက္ခဲ့ဖို႔ ေခၚတာပါ။ ဘာမွႀကိဳတင္ျပင္ဆင္မထားတဲ့အတြက္ ေသာက္ေရကအစ ဘာမွမရွိပါဘူး။ ကေလးနဲ႔မို႔ အခက္အခဲရွိပါတယ္။

ခဏေနေတာ့ ႐ုံးက ဝန္ထမ္းညီမေတြ ဟင္းစားေလးဝယ္ၿပီး လာပို႔ပါတယ္။ အျပန္မွာ ရပ္ကြက္႐ုံးက ေခၚသြားၿပီး စစ္ေဆးပါတယ္။ ဝန္ထမ္းရဲ႕ Laptop ကို သိမ္းထားလိုက္ပါတယ္။ ေန႔လယ္ခင္းမွာ အျမန္ေခ်ာပို႔က ဝန္ထမ္းေလး ပစၥည္းလာပို႔ပါတယ္။

အျပန္မွာ အရပ္ဝတ္ဆိုင္ကယ္နဲ႔လူတစ္ေယာက္ ေနာက္ကလိုက္သြားတာ ေတြ႕ပါတယ္။ ဘာဆက္ျဖစ္တယ္မသိပါ။ အိမ္ရဲ႕ မ်က္ေစာင္းထိုးလမ္းထိပ္နဲ႔ ေနာက္ေက်ာဘက္မွာ အရပ္ဝတ္ေတြ ငါးေယာက္နဲ႔ ဆယ္ေယာက္ၾကား ေစာင့္ၾကပ္ေနပါတယ္။

ဘယ္သူေတြ ဘယ္ဝါေတြမွန္း မသိပါ။ ၿပီးခဲ့တဲ့ တစ္ပတ္ႏွစ္ပတ္တည္းက အာဏာသိမ္းရင္ အိမ္ေပၚတက္ၿပီး ဓါးနဲ႔ခုတ္မယ္ဆိုတဲ့ ၿခိမ္းေျခာက္မႈေတြရွိတဲ့အတြက္ အခုအခ်ိန္မွာ ဒီအရပ္ဝတ္ေတြ ပတ္လည္ဝိုင္းခံေနရတာ မလုံၿခဳံပါဘူး။ မေန႔ည ၁၂နာရီေလာက္မွာ ၿခံကို ခုံခုၿပီး တက္ပါတယ္။ ၿခံေက်ာ္ဖို႔လို႔ ထင္ေပမယ့္ ၿခံကေက်ာ္တက္ဖို႔ေတာ့ အနည္းငယ္ အဟန႔္အတားျဖစ္ပါတယ္။

ၿခံတံခါးမွာ ေထာင္ထားတဲ့ NLD အလံကို ျဖဳတ္ၿပီး ေျမာင္းထဲ လႊင့္ပစ္သြားပါတယ္။ Record ေတြ ရွိပါတယ္။ အခုလည္း ဘယ္အခ်ိန္လာဖမ္းမယ္ဆိုတာ မသိပါဘူး။ ဒါေပမယ့္ အဆင္သင့္ျပင္ထားပါတယ္။ ေရွာင္ေျပးဖို႔ အေျခအေနလည္း မရွိသလို စိတ္ကူးလည္း မရွိပါဘူး။

ရင္ဆိုင္ရမွာပါပဲ။ ႏိုင္ငံေရးသမားတစ္ေယာက္ျဖစ္ဖို႔ စိတ္ကူးမရွိခဲ့ပါဘူး။ ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ Speak Out လုပ္သင့္တယ္ထင္တာကို ေျပာခဲ့ပါတယ္။ ႏိုင္ငံေတာ္ရဲ႕ တည္ဆဲဥပေဒအားလုံးကို လိုက္နာခဲ့ပါတယ္။ အခုအခ်ိန္ထိ ဘယ္ဥပေဒကိုမွ ခ်ိဳးေဖာက္ခဲ့ျခင္း မရွိပါဘူး။

လက္ခံသည္ျဖစ္ေစ၊ လက္မခံသည္ျဖစ္ေစ ျဖစ္သြားခဲ့တဲ့ အေျခအေနတစ္ခုမွာ ဘယ္အစိုးရအုပ္ခ်ဳပ္သည္ျဖစ္ပါေစ၊ ရသင့္ရထိုက္တဲ့ ႏိုင္ငံသားတစ္ေယာက္ရဲ႕ အခြင့္အေရးမ်ိဳးနဲ႔ ဂုဏ္သိကၡာမ်ိဳးကို ရဖို႔ ေတာင္းဆိုပါတယ္။ တိုင္းျပည္တစ္ခုလုံး တရားမဲ့ျပဳက်င့္ခံရတဲ့အခ်ိန္မွာ ဘယ္သူ႔ဆီကမွ ဘယ္သူ႔ကိုမွ တရားမွ်တမႈဆိုတဲ့စကား မေျပာလိုပါဘူး။

ေနဝင္ညကို ကူးျဖတ္ရဲမွ ေရာင္နီသာတဲ့ ေနသစ္ကို ေရာက္မယ္။ ေနဝင္ညကေတာ့ ထပ္ေရာက္လာခဲ့ပါၿပီ။ ေရာင္နီသာမဲ့ ေန႔သစ္ေတြေရာက္ရင္ ျပန္ဆုံေတြ႕ၾကပါမယ္။ မေတြ႕ႏိုင္ေတာ့တဲ့ အေျခအေနမ်ိဳးလည္း ျဖစ္လာရင္ ျဖစ္လာႏိုင္တဲ့အတြက္ ႀကိဳတင္ႏႈတ္ဆက္ပါတယ္။ Good Luck to you all.

Credit . ပန္ဆယ္လို Facebook account

Unicode

ခြံစည်းရိုးကျော်ပြီး အလံကိုဖြုတ်ကာ မြောင်းထဲ လွင့်ပစ်ခဲ့တဲ့အကြောင်းကို Liveလွင့်ပြီး ပြောပြလာတဲ့ ပန်ဆယ်လို ဗီဒီယို

မနက်လေးနာရီခွဲကျော်လောက်ကတည်းက စစ်ဝတ်စုံနဲ့ သုံးယောက် အိမ်ရှေ့မှာ လာစောင့်နေတာပါ။ အိမ်တံခါး ဘဲလ်တီးနေတာပါ။ ဖြစ်ချင်တော့ ကိုယ်က အိပ်ပျော်နေလို့ ၆နာရီထိုးမှ နိုးပါတယ်။ ၈နာရီလောက်မှာ စစ်ဝတ်စုံနဲ့ရော ရဲဝတ်စုံနဲ့ရော ထွေအုပ် စရဖလို့ ထင်ရသူတွေ ထပ်လာတံခါးခေါက်ပါတယ်။ ဖွင့်မပေးတော့ အိမ်ရှေ့က လော်စပီကာနဲ့ အော်ပါတယ်။ မိဘတွေဆင်းတွေ့ကြပါတယ်။ မြို့နယ်မှူးလို့ ဆိုပါတယ်။

အထက်အမိန့်အရ မေးစရာရှိလို့ တွေ့ခွင့်ပေးဖို့ပြောပါတယ်။ ငြင်းဆန်လို့ ပြန်သွားပါတယ်။ ၁၁နာရီလောက်မှာ နောက်တစ်ခေါက် ြ ပန်လာပါတယ်။ မိဘတွေ ထပ်ထွက်တွေ့ပါတယ်။ အဓိကကတော့ စစ်ဆေးစရာရှိလို့ လိုက်ခဲ့ဖို့ ခေါ်တာပါ။ ဘာမှကြိုတင်ပြင်ဆင်မထားတဲ့အတွက် သောက်ရေကအစ ဘာမှမရှိပါဘူး။ ကလေးနဲ့မို့ အခက်အခဲရှိပါတယ်။

ခဏနေတော့ ရုံးက ဝန်ထမ်းညီမတွေ ဟင်းစားလေးဝယ်ပြီး လာပို့ပါတယ်။ အပြန်မှာ ရပ်ကွက်ရုံးက ခေါ်သွားပြီး စစ်ဆေးပါတယ်။ ဝန်ထမ်းရဲ့ Laptop ကို သိမ်းထားလိုက်ပါတယ်။ နေ့လယ်ခင်းမှာ အမြန်ချောပို့က ဝန်ထမ်းလေး ပစ္စည်းလာပို့ပါတယ်။

အပြန်မှာ အရပ်ဝတ်ဆိုင်ကယ်နဲ့လူတစ်ယောက် နောက်ကလိုက်သွားတာ တွေ့ပါတယ်။ ဘာဆက်ဖြစ်တယ်မသိပါ။ အိမ်ရဲ့ မျက်စောင်းထိုးလမ်းထိပ်နဲ့ နောက်ကျောဘက်မှာ အရပ်ဝတ်တွေ ငါးယောက်နဲ့ ဆယ်ယောက်ကြား စောင့်ကြပ်နေပါတယ်။

ဘယ်သူတွေ ဘယ်ဝါတွေမှန်း မသိပါ။ ပြီးခဲ့တဲ့ တစ်ပတ်နှစ်ပတ်တည်းက အာဏာသိမ်းရင် အိမ်ပေါ်တက်ပြီး ဓါးနဲ့ခုတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိတဲ့အတွက် အခုအချိန်မှာ ဒီအရပ်ဝတ်တွေ ပတ်လည်ဝိုင်းခံနေရတာ မလုံခြုံပါဘူး။ မနေ့ည ၁၂နာရီလောက်မှာ ခြံကို ခုံခုပြီး တက်ပါတယ်။ ခြံကျော်ဖို့လို့ ထင်ပေမယ့် ခြံကကျော်တက်ဖို့တော့ အနည်းငယ် အဟန့်အတားဖြစ်ပါတယ်။

ခြံတံခါးမှာ ထောင်ထားတဲ့ NLD အလံကို ဖြုတ်ပြီး မြောင်းထဲ လွှင့်ပစ်သွားပါတယ်။ Record တွေ ရှိပါတယ်။ အခုလည်း ဘယ်အချိန်လာဖမ်းမယ်ဆိုတာ မသိပါဘူး။ ဒါပေမယ့် အဆင်သင့်ပြင်ထားပါတယ်။ ရှောင်ပြေးဖို့ အခြေအနေလည်း မရှိသလို စိတ်ကူးလည်း မရှိပါဘူး။

ရင်ဆိုင်ရမှာပါပဲ။ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ နိုင်ငံသားတစ်ယောက်အနေနဲ့ Speak Out လုပ်သင့်တယ်ထင်တာကို ပြောခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေအားလုံးကို လိုက်နာခဲ့ပါတယ်။ အခုအချိန်ထိ ဘယ်ဥပဒေကိုမှ ချိုးဖောက်ခဲ့ခြင်း မရှိပါဘူး။

လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဖြစ်သွားခဲ့တဲ့ အခြေအနေတစ်ခုမှာ ဘယ်အစိုးရအုပ်ချုပ်သည်ဖြစ်ပါစေ၊ ရသင့်ရထိုက်တဲ့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးမျိုးနဲ့ ဂုဏ်သိက္ခာမျိုးကို ရဖို့ တောင်းဆိုပါတယ်။ တိုင်းပြည်တစ်ခုလုံး တရားမဲ့ပြုကျင့်ခံရတဲ့အချိန်မှာ ဘယ်သူ့ဆီကမှ ဘယ်သူ့ကိုမှ တရားမျှတမှုဆိုတဲ့စကား မပြောလိုပါဘူး။

နေဝင်ညကို ကူးဖြတ်ရဲမှ ရောင်နီသာတဲ့ နေသစ်ကို ရောက်မယ်။ နေဝင်ညကတော့ ထပ်ရောက်လာခဲ့ပါပြီ။ ရောင်နီသာမဲ့ နေ့သစ်တွေရောက်ရင် ပြန်ဆုံတွေ့ကြပါမယ်။ မတွေ့နိုင်တော့တဲ့ အခြေအနေမျိုးလည်း ဖြစ်လာရင် ဖြစ်လာနိုင်တဲ့အတွက် ကြိုတင်နှုတ်ဆက်ပါတယ်။ Good Luck to you all.

Credit . ပန်ဆယ်လို Facebook account

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *