အဖေ့ဝဋ်လည်တဲ့အကြောင်းပြောပြလာတဲ့ သရုပ်ဆောင်ပိုင်ဖြိုးသု

အဖေ့ဝဋ်တွေလည်ပြီ…..ကျွန်မတို့ငယ်ငယ်ကညဘက်ဆို လိုင်းတွေတဂျစ်ဂျစ်မြည်နေတဲ့ရေဒီယိုလေးရှေ့မှာအဖေထိုင်ပြီးနားစိုက်နားထောင်နေတဲ့အချိန်ဆို ကျွန်မတို့ညီအစ်မသုံးယောက်ဆော့နေတာတွေအားလုံးရပ်ပြီးငြိမ်ငြိမ်လေးနေရတယ်….အဲဒီ့အချိန်ဆိုစကားလည်းမပြောရဘူး…

အော်ပြီးလည်းမရယ်ရဘူး…ခုန်‌ပေါက်ပြီးတော့လည်းမဆော့ရဘူး….အဖေကအဲဒီ့ရေဒီယိုလေးရှေ့မှာနားထောင်ရင်း တောက်တခေါက်ခေါက်နဲ့ဒေါသတွေထွက်နေတတ်တယ်….အမှန်တိုင်းဝန်ခံရရင်ကျွန်မတို့ကလေးတွေကအဲဒီ့ရေဒီယိုလေးရှေ့မှာအဖေဒေါသတွေထွက်နေပြီဆိုရင်အဖေ့ကိုသိပ်စိတ်ဆိုးတာပဲ

(အဖေ့ဒေါသကပြီးရင်ဆော့နေကြတဲ့ကိုယ်တွေဘက်ကိုမြှားဦးလှည့်တတ်တာကိုး)….ဒီသေချာလည်းမကြားရတဲ့တဂျစ်ဂျစ်နဲ့ရေဒီယိုအသေးလေးထဲကလာတဲ့RFAဆိုတဲ့ရေဒီယိုလိုင်းကိုလည်းသိပ်အမြင်ကပ်တာပဲ..(သူလာတဲ့အချိန်ဆိုကိုယ်တွေမှမဆော့ရတော့တာ)….

အခုတော့ဒီဖုန်းပြားပြားသေးသေးလေးထဲကFacebookဆိုတာကြီးရဲ့newsfeedဆိုတာကြီးကိုကြည့်ရင်းတောက်တခေါက်ခေါက်သက်ပြင်းတချချလုပ်မိနေရင်း တစ်ချိန်ကရေဒီယိုလေးရှေ့မှာတောက်ခေါက်နေတတ်တဲ့အဖေ့ကိုပြန်မြင်ယောင်မိတဲ့အချိန်မှာ…..ကျွန်မသိလိုက်ပြီ….ကျွန်မအဖေ့ဝဋ်တွေလည်နေပြီ….

ကျွန်မသမီးလေးဖြစ်ဖြစ် သားလေးဖြစ်ဖြစ်ရလာခဲ့ရင်….သူ့အမေအဲ့သလိုဒေါသတွေကြီးနေရတာကိုမမြင်စေချင်ဘူး….ကျွန်မရဲ့ကလေးလေးကိုကျွန်မရဲ့ဝဋ်တွေဆက်မလည်ရပါပဲနဲ့ တရားမျှတတဲ့ လွတ်လပ်တဲ့ လောကကြီးမှာ ကြီးပြင်းခွင့်ရစေချင်မိတယ်….

zawgyi

အေဖ့ဝဋ္ေတြလည္ၿပီ…..ကြၽန္မတို႔ငယ္ငယ္ကညဘက္ဆို လိုင္းေတြတဂ်စ္ဂ်စ္ျမည္ေနတဲ့ေရဒီယိုေလးေရွ႕မွာအေဖထိုင္ၿပီးနားစိုက္နားေထာင္ေနတဲ့အခ်ိန္ဆို ကြၽန္မတို႔ညီအစ္မသုံးေယာက္ေဆာ့ေနတာေတြအားလုံးရပ္ၿပီးၿငိမ္ၿငိမ္ေလးေနရတယ္….အဲဒီ့အခ်ိန္ဆိုစကားလည္းမေျပာရဘူး…

ေအာ္ၿပီးလည္းမရယ္ရဘူး…ခုန္‌ေပါက္ၿပီးေတာ့လည္းမေဆာ့ရဘူး….အေဖကအဲဒီ့ေရဒီယိုေလးေရွ႕မွာနားေထာင္ရင္း ေတာက္တေခါက္ေခါက္နဲ႔ေဒါသေတြထြက္ေနတတ္တယ္….အမွန္တိုင္းဝန္ခံရရင္ကြၽန္မတို႔ကေလးေတြကအဲဒီ့ေရဒီယိုေလးေရွ႕မွာအေဖေဒါသေတြထြက္ေနၿပီဆိုရင္အေဖ့ကိုသိပ္စိတ္ဆိုးတာပဲ

(အေဖ့ေဒါသကၿပီးရင္ေဆာ့ေနၾကတဲ့ကိုယ္ေတြဘက္ကိုျမႇားဦးလွည့္တတ္တာကိုး)….ဒီေသခ်ာလည္းမၾကားရတဲ့တဂ်စ္ဂ်စ္နဲ႔ေရဒီယိုအေသးေလးထဲကလာတဲ့RFAဆိုတဲ့ေရဒီယိုလိုင္းကိုလည္းသိပ္အျမင္ကပ္တာပဲ..(သူလာတဲ့အခ်ိန္ဆိုကိုယ္ေတြမွမေဆာ့ရေတာ့တာ)….

အခုေတာ့ဒီဖုန္းျပားျပားေသးေသးေလးထဲကFacebookဆိုတာႀကီးရဲ႕newsfeedဆိုတာႀကီးကိုၾကည့္ရင္းေတာက္တေခါက္ေခါက္သက္ျပင္းတခ်ခ်လုပ္မိေနရင္း တစ္ခ်ိန္ကေရဒီယိုေလးေရွ႕မွာေတာက္ေခါက္ေနတတ္တဲ့အေဖ့ကိုျပန္ျမင္ေယာင္မိတဲ့အခ်ိန္မွာ…..ကြၽန္မသိလိုက္ၿပီ….ကြၽန္မအေဖ့ဝဋ္ေတြလည္ေနၿပီ….

ကြၽန္မသမီးေလးျဖစ္ျဖစ္ သားေလးျဖစ္ျဖစ္ရလာခဲ့ရင္….သူ႔အေမအဲ့သလိုေဒါသေတြႀကီးေနရတာကိုမျမင္ေစခ်င္ဘူး….ကြၽန္မရဲ႕ကေလးေလးကိုကြၽန္မရဲ႕ဝဋ္ေတြဆက္မလည္ရပါပဲနဲ႔ တရားမွ်တတဲ့ လြတ္လပ္တဲ့ ေလာကႀကီးမွာ ႀကီးျပင္းခြင့္ရေစခ်င္မိတယ္….

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *