မိုးထဲရေထဲ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် တာချီလိတ်ပြည်သူများ

တာချီလိတ်၊ ဖေဖော်ဝါရီ ၈ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလ ၈ ရက် နံနက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒပြပွဲတွင် လူသောင်းနှင့်ချီ ပါဝင်ကြသည်။ဆန္ဒပြသူများသည် နံနက် ၈ နာရီခန့်တွင် နေရပ်အသီးသီးမှ ထွက်လာပြီး တံတား ၁ အဝိုင်းထိပ်သို့ ချီတက်ကာ ထိုမှ တဆင့် လေယာဉ်ကွင်းလမ်းဆုံအထိ ဗိုလ်ချုပ်လမ်းမအတိုင်း ဆန္ဒပြကြသည်။ဆန္ဒပြပွဲသို ကားအစီးရေ တရာကျော်၊ ဆိုင်ကယ် အစီး ၃၀၀ ကျော်နှင့် လူ နှစ်သောင်းနီးပါး ပါဝင်ကြပြီး စစ်အာဏာရှင်အလိုမရှိ၊ Civil Disobedience Movement ထောက်ခံသည်၊ ပုကျွန်မခံ၊ တပ်မတော်သည် ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းခြင်းကို ကန့်ကွက်ပါသည်၊ စသည့် ဆိုင်းဘုတ်မှာကိုင်ဆောင် ကြွေးကြော်ကာ ဆန္ဒပြကြသည်။

သတင်းနှင့်ဓာတ်ပုံ -MeKongNews

Credit to Irrawaddy

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *