အိမ်ကမထွက်ခင်မှာ အမေဟာ မှာတမ်းခြွေတယ်…(ဖတ်နေရင်းကို မျက်ရည်မထိန်းနိုင်ဘူး…)
” သမီးပြန်အလာ မမျှော်နဲ့တော့အမေ ”
အိမ်ကမထွက်ခင်မှာအမေဟာ မှာတမ်းခြွေတယ်….။\
“ငါ့သမီးဂရုစိုက်နော် မေမေ စိတ်ပူတယ်” တဲ့…..
ဆိုင်ကယ်ဦးထုတ်လေးက မေမေ့အကာအကွယ်ပါပေါ့…..။
ဘယ်သူက ထင်ထားမှာလဲ မေမေ…..
အရိပ်လေးတောင် မတွေ့ရတဲ့အခါ…..
ရင်ထဲလှိုက်ဖိုငိုကြွေးနေမလား….
ဒါမှမဟုတ် …..
ပြန်လာသမျှ လမ်းသွားလမ်းလာတွေကို…..
ငါ့သမီးလေးရော….. မြသက်သက်ခိုင်လေးရောလို့……
တွေ့သမျှအကုန် လိုက်မေးနေမလား….
မေ့မေ့ကျေးဇူးကြွေး မဆပ်ရသေးပါဘူး….
ဒါပေမယ့် တိုင်းပြည်တာဝန်ကျေပွန်ခဲ့ပါတယ်….
တစ်ချိန်မှာလူတွေက နင့်သမီးရောလို့မေးကြတဲ့အခါ…..
“ကျွန်မသမီးလေးဟာ သူရဲကောင်းမလေးပါ”လို့…..
မေမေ ဂုဏ်ယူစွာ ထုတ်ပြောနိုင်ပါတယ်မေမေ…။
ဖတ်နေရင်းကိုမျက်ရည်မထိန်းနိုင်ဘူး….။
စစ်အာဏာရှင်စနစ်ကျဆုံးပါစေ 👇👇👇
crd
ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ပြည်သူတွေကို….
ရေပိုက်တွေ မျက်ရည်ယိုဗုံးတွေနဲ့ဖြိုခွဲကြမယ်လို့….
သမီးတို့က စည်းကျော်လာကြတာလည်းမဟုတ်….
အကာအကွယ် ယူလိုက်တာတောင် …..
သမီးကိုထိအောင်ပစ်ကြတယ် မေမေ….
နေတောင်ညိုရောပေါ့…..
သမီးပြန်အလာ မျှော်နေတဲ့မေမေ….
ဒါမှမဟုတ် …..
crd