တပ်မတော်ရဲ့ လုပ်ရက်တွေဟာ လူမဆန်တဲ့လုပ်ရက်တွေပါပဲလို့ဆိုလာတဲ့လက်ထောက်ကော်မရှင်မင်းကြီး
နိုင်ငံတော်ကိုပုန်ကန်ပြီး အာဏာကိုအဓမ္မသိမ်းယူထားတဲ့ စစ်တပ်ကြောင့် ဖြစ်ပေါ်နေတဲ့ မြန်မာပြည်က အကျပ်အတည်းဟာ “အပြစ်ကျူးလွန်ပြီး အရေးယူခြင်းမခံရတဲ့စနစ်က မွေးဖွားပေးလိုက်တာ”ဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ လက်ထောက်ကော်မရှင်နာမင်းကြီး အယ်နာရှစ်က ကောင်စီရဲ့အထူးအစည်းအဝေးမှာ မှတ်ချက်ပြုခဲ့ပါတယ်။

“ပြီးခဲ့တဲ့ အနှစ် ၂၀စလုံးမှာ ယခင့်ယခင်က ကော်မရှင်နာမင်းကြီးတွေနဲ့ ကျွမ်းကျင်သူတွေ ဒီကောင်စီကို တင်ပြခဲ့တာတွေကိုပြန်ကြည့်ရင် နိုင်ငံတကာဥပဒေတွေအောက်မှာ ဆိုးဝါးတဲ့ရာဇဝတ်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းများစွာကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာတွေဖြစ်ပါတယ်။
ဒီစစ်ခေါင်းဆောင်တွေကို လက်တွေ့ကျကျ အရေးယူတုန့်ပြန်ဖို့မလုပ်ခဲ့လို့ မြန်မာပြည်မှာ လက်ရှိအကျပ်အတည်းဖြစ်နေတာပါ”လို့ လက်ထောက်ကော်မရှင်မင်းကြီးက ဆိုပါတယ်။
၂၀၁၈ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ လူမဆန်တဲ့စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်ကို အညွန့်တုံးစေတဲ့ သတ်ဖြတ်မှုတွေကိုလူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်က သတိပေးထားချက်တွေကို ထောက်ပြခဲ့ပါတယ်။
လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်ခေါင်းဆောင်တွေအားလုံးကို ဖယ်ရှားပစ်ကိုပစ်ရပါမယ်။ တပ်မတော်ကို အရပ်သားထိန်းချုပ်မှုအောက် ရာနှုန်းပြည့်ပြန်ရောက်တဲ့ ပြီးပြည့်စုံတဲ့ ပြန်လည်တည်ဆောက်မှုကိုလုပ်ရပါမယ်။ မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ ဒီအပေါ်မှာ မူတည်နေပါတယ်”
Source Kamayut Media