မိန်းမကိုယုံပြီး ရှာလို့ရသမျှငွေအကုန်အပ်တဲ့ ယောက်ကျား ကားဝယ်တော့မယ် ဆိုမှ ရင်ကွဲပက်လက် ဖြစ်ခဲ့ရ

မိန်းမကိုယုံပြီး တစ်သက်လုံးရှာစုခဲ့သမျှငွေ အပ်ခဲ့တဲ့ယောက်ကျား ကားဝယ်တော့မယ် ဆိုမှ ရင်ကွဲပက်လက် ဖြစ်ခဲ့ရ

နိုင်ဝင်ဘာ (၂၁) ရက်နေ့တွင် ဖြစ်ပွားသွားသည့် ဖြစ်စဉ်နှင့်ပက်သက်၍ ဖြစ်စဉ်အမှန်မှာ တရားလိုအဖြစ်တိုင်တန်းထားသူဒေါ်သန်းသန်းဝေ(ခ)မဝေသည် ၎င်း၏ခင်ပွန်းဖြစ်သူသည်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်ပြီးရရှိလာသည့် လုပ်အားခများမှ(၂၀၁၃)ခုနှစ်မှစ၍ ကားတစ်စီးဝယ်ယူနိုင်ရန် စုဆောင်းခဲ့ရာ

ငွေ(၇၅)သိန်းခန့်ရှိပြီဖြစ်ကြောင်း ဒေါ်သန်းသန်းဝေသည် (၂၀၁၇)ခုနှစ်မှစ၍ တရားမဝင်နှစ်လုံးထီ အားအပတ်ရှင်းစနစ်ဖြင့် သုံးခွမြို့နယ် နှစ်လုံးလောင်းကစားဒိုင် သို့ ဖုန်းဖြင့် ဆက်သွယ်လောင်းကစားခဲ့ကြောင်း တစ်ပတ်လျှင်(၁)သိန်းကျပ်ခန့်အရှုံးပေါ်ခဲ့ကြောင်းရပ်ကွက် အတွင်း ခင်မင်ရင်းနှီးသူထံမှ အတိုးဖြင်ငွေအအကြိမ် ကြိမ်ချေးယူခဲ့ ရကြောင်း အသေးစားချေးငွေ ကုမ္ပဏီများမှလည်းငွေများချေးယူထားခဲ့ကြောင်း

ရွှေထည်ပစ္စည်းများအား သန်လျင်မြို့မဈေးရှိ အမိန့်ရအပေါင်ဆိုင်တွင် ပေါင်နှံသုံးစွဲခဲ့ကြောင်း ယခုအခါ ခင်ပွန်းဖြစ်သူမှ နိုဝင်ဘာ (၆)ရက်နေ့တွင်ဖောင်ကြီးသို့ ဆောက်လုပ်ရေးလုပ်ငန်းဖြင့် သွား ရောက်လုပ်ကိုင်ပြီး ပြန်လာပါကလုပ်ငန်းအတွက်အသုံးပြုရန် ကား တစ်စီးဝယ်ယူမည်ဖြစ်ကြောင်းပြောလာသည့်အတွက်

ကျွန်မမှခင်ပွန်းဖြစ်သူ အပ်ထားသေ ာငွေနှင်ရွှေထည်ပစ္စည်းများခင်ပွန်းဖြစ်သူအား မည်သို့ပြောပြရမည်ကို စဉ်းစား၍ကြံရာမရဖြစ်ခဲ့ကြောင်း ထို့ကြောင့်ခင်ပွန်းဖြစ်သူ ပြန်မလာခင်ကျွန်မအားအမည်မသိ အမျိုးသားတစ်ဦး နေအိမ်ပေါ်တက်ဓားထောက်ခြိမ်းခြောက် ၍ငွေ/နှင့်ရွှေထည်ပစ္စည်းများယူဆောင်သွားပုံစံလိမ်ညာ၍ရဲစခန်းတွင်အမှုဖွင့်ရန် အကြံအစည် ပေါ်လာကြောင်း

ခင်ပွန်းဖြစ်သူမှလည်းသံသယကင်းသွားမည်ဟုယူဆကြောင်းအကြံဖြစ်ပေါ်လာသည့်အတွက် နိုဝင်ဘာ(၂၁)ရက်ည(၁)နာရီအချိန်ခန့်တွင်၎င်းအကြံအစည်ကိုဖေါ်ဆောင်ပြီး သန်လျင်မြို့မရဲစခန်းတွင်တရားလိုအဖြစ်လိမ်ညာ၍အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့မှအကြိမ်ကြိမ်မေးမြန်းစစ်ဆေးခဲ့ကြောင်းနိုဝင်ဘာ(၂၃)ရက်နေ့တွင်ကျွန်မအားခင်ပွန်းဖြစ်သူနှင့်သမီးမှဖြစ်စဉ်အမှန်ပြောရန်ချော့မေးလာသဖြင့်

၎င်းမှတရားလို လုပ်တိုင်ကြားထားသော အမှုဖြစ်စဉ်သည်လိမ်ညာ ၍တိုင်ကြားထားခဲ့ကြောင်း ကျွန်မခင်ပွန်းအပ်ထားသော ငွေနှင့်ရွှေထည်ပစ္စည်းများသည် လောင်းကစားပြုလုပ်ရာတွင်သုံးစွဲခဲ့ကြောင်းပြောဆို၍ ခင်ပွန်းဖြစ်သူဆူမှာစိုး၍ ကြောက်လန့်ပြီးသန်လျင်မြို့မရဲစခန်းတွင်လိမ်ညာ၍အမှုဖွင့်လှစ်ခဲ့ကြောင်းဝန်ခံထွက်ဆိုလာသဖြင့်

ယခုအခါသန်လျင်မြို့မရဲစခန်းမှနယ်ထိန်းအရာရှိရဲအုပ်ချမ်းမြေ့အောင်မှအမှုအားလိမ်လည်တိုင်တန်းသူဒေါ်သန်းသန်းဝေ(ခ)မဝေ၊(၄၇)နှစ်၊(ဘ)ဦးသံချောင်း၊အမှတ်(၈)၊သစ်တောလမ်းသွယ်(၁)၊အမှုထမ်းရပ်ကွက်၊သန်လျင်မြို့နယ်နေသူအားဥပဒေအရအရေးယူနိုင်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင် ပေးလိုက်ပါတယ်

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *