ဒီတော်လှန်ရေးကြီးက စားရိတ်ငြိမ်းတော်လှန်ရေးကြီးဗျ ..

တနေ့လုံးအိမ်မှာ ဘာမှချက်စားစရာမလိုဘူး။လမ်းပေါ်ထွက်လိုက်တာနဲ့ ဘာစားချင်လဲ.ခေါက်ဆွဲကြော်လား၊ကြာဇံကြော်လား၊ထမင်းကြော်လား၊ကြက်ဆီထမင်းလား၊ဒံပေါက်လား၊ထမင်းလား၊သရေစာစားချင်လား။ ဘာသောက်ချင်လဲလက်ဖက်ရည်လား၊ကော်ဖီလား၊အချိုရည်လား၊

ရေသန့်ဗူးလား၊ရွိုင်ရယ်ဒီလား၊ကျွဲရိုင်းလား၊ရှပ်ပ်လား၊ ကွမ်းယာလား၊ဆေးလိပ်လား။အင်္ကျီယူမလား၊ဦးထုပ်ယူမလား။ခင်ဗျားလက်ထဲကအမှိုက်တောင် ခင်ဗျားကိုယ်တိုင်သွားပစ်စရာမလိုဘူး။ ခင်ဗျားဆီ လာယူကြလိမ့်မယ်။မျက်နှာစိမ်းတွေကြားမှာ အထီးကျန်နေမယ်လို့ ထင်သလား..မြင်တွေ့သူတိုင်းက ခင်ဗျားကို လက်သုံးချောင်းထောင်လျှက် လေးစားဂုဏ်ပြုပြီး ပြုံးပြနေကြတာ တွေ့ရပါလိမ့်မယ်..။အိမ်ပြန်နောက်ကျသွားရင် ဘယ်ကားကိုမှငှားစရာမလိုဘူး….အခမဲ့ မေတ္တာနဲ့ကူညီမယ့်ကားပိုင်တွေက အဆင်သင့်…။အန္တရာယ်တစုံတရာကို တွေးကြောက်နေသလား…သိပ်မစိုးရိမ်ပါနဲ့…ခင်ဗျားဘေးပတ်ဝန်းကျင်မှာ ခင်ဗျားနဲ့ဘာမှမသိကျွမ်းပေမယ့် ခင်ဗျားကို ဝိုင်းကူညီကြမယ့်သူတွေ ထုနဲ့ဒေး..။မတော်တဆဖြစ်သွားသလား…လူနာတင်ကားတွေကလည်း အရံအသင့်…။ကဲ…အဲ့ဒီတော့…ဒီ​ေန့ကစပြီး..စားရိတ်ငြိမ်း ရေမီးအစုံ တော်လှန်ရေးကြီးကို လမ်းပေါ်တက် ဆင်နွှဲ တိုက်ပွဲဝင်ကြတော့…။

cd

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *