စစ်တပ်က မြန်မာ့စီးပွားရေးဘဏ်မှ ငွေများလာရောက်ထုတ်ယူသွား

မြန်မာ့စီးပွားရေးဘဏ် ၁ ကနေ ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက် ၆ နာရီလောက်မှာ စစ်တပ်က ငွေတွေ လာထုတ်ယူသွားတယ်လို့ ဘဏ်နဲ့ နီးစပ်နဲ့ အသိုင်းအဝိုင်းကနေ ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

အလားတူ မြန်မာ့စီးပွားရေးဘဏ် ၂ ကနေလည်း ဒီနေ့မနက် ၈ ရီလောက်မှာ စစ်တပ်က ငွေတွေလာရောက် ထုတ်ယူသွားတယ်လို့ ပြောပါတယ်။

စစ်တပ်က ဘာကြောင့်ငွေတွေလာထုတ်ယူသွားတယ်ဆိုတာနဲ့ ထုတ်ယူသွားတဲ့ ပမာဏ ဘယ်လောက်ရှိလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ရန်ကုန်မြို့ ဗဟိုဘဏ်ရှေ့မှာတော့ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက် မနက်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူလူထုတွေ လာရောက် ဆန္ဒပြနေကြပြီး စစ်တပ်တွေ ချထားတာကို မြင်တွေ့ရပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ အများပြည်သူအသုံးပြုနေတဲ့ အင်တာနက်လိုင်းတွေကိုလည်း ဒီနေ့မနက် ၁ နာရီလောက်ကနေ ၉ နာရီအထိ စစ်အစိုးရက ပိတ်ပစ်ထားပါတယ်။

ဗဟိုဘဏ်ရှေ့မှာ စစ်ကားတွေ၊ ရေကားနဲ့ သံချပ်ကာကားတွေပါ ရှိနေပြီး ဆန္ဒပြသူတွေလည်း ရောက်နေပြီဖြစ်ပါတယ်။

ဗဟိုအမျိုးသမီးဆေးရုံရှေ့မှာလည်း သံချပ်ကာကား၊ စစ်ကား၊ ရရေကားနဲ့ အချုပ်ကားတွေပါ ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ အများပြည်သူအသုံးပြုနေတဲ့ အင်တာနက်လိုင်းတွေကိုလည်း ဒီနေ့မနက် ၁ နာရီလောက်ကနေ  ၉ နာရီအထိ စစ်အစိုးရက ပိတ်ပစ်ထားပါတယ်။ 

DVB Burmese News

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်များရှေ့ အခြေအနေများအား ယနေ့ ဖေဖော်ဝါရီ ၁၅ နံနက်ပိုင်း တွေ့ရစဉ်။ ဓာတ်ပုံ- Myanmar Now

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *