ဘုရားကြီးဘက်မှာနာမည်ကြီးနေတဲ့ရွှေရင်အေးသည်
စစ်သားတယောက်ကရွှေရင်အေးလာဝယ်တော့မရောင်းဘူးပြောလိုက်တာနဲ့ သူ့အထကျအရာရှိတယောက်ကရောက်ချလာပီး
မင်းဘာလို့မရောင်းတာလဲလာမေးတော့ ” ငါလဲပြည်သူထဲကပြည်သူပဲ ပြည်သူတွေမကြိုက်တာကိုမဆင်းပဲပေကပ်နေပီးအသက်အိုးအိမ်စည်းစိမ်ကာကွယ်ရမယ့်အစား မင်းတို့ကအနိုင်ကျင့်နေလို့မင်းတို့ကိုမကြိုက်လို့မရောင်းတာ ” လို့ပြောလိုက်တော့

အရာရှိက မင်းဟာဘလောက်မလို့လဲတဲ့” မင်းတို့လဲပိုက်ဆံနဲ့ဝယ်စားသလို ငါလဲငါ့ပစ္စည်းငါ ရောင်းချင်မှရောင်းမှာမရောင်းချင်မရောင်းဘူး ပြည်သူတွေကိုကာကွယ်တယ်ဆိုရင်တော့မင်းတို့အားလုံးကိုအလကားတောင်တိုက်ဦးမှာ ” လို့ပြောလိုက်တာတဲ့
အရမ်းကိုလေးစားစရာကောင်းတဲ့ရွှေရင်အေးသည် ph နံပါတ်ပါပါတယ် တွေ့ရင်အားပေးလိုက်ကြပါကိုယ်တွေကတော့သူ့စိတ်ဓာတ်လေးစားလို့နေ့တိုင်းတနေ့တခွက်ယူတယ်….crd
