ပြောချင်လွန်းလို့ (သို့မဟုတ်) ဆန္ဒပြနေသော GENERATION Z တို့၏ စွမ်းဆောင်ချက်များ
ဇော်ဂျီ
ပြောချင်လွန်းလို့ (သို့မဟုတ်) ဆန္ဒပြနေသော Generation Z တို့၏ စွမ်းဆောင်ချက်များ
၁။ အချက်အလက်တွေစီးဆင်းမှုကြီးက ကြောက်စရာကြီး။ မနေ့က သေနတ်နဲ့ပစ်တယ်။ ဒီနေ့ကျ မိန်းမ မျောက်မွေးတာ ပြည်သိသွားတယ်။
၂။ မနက်ပိုင်းက ပျံနေတဲ့ ဒရုန်းကို Drone Slayer နဲ့ လိုက်ပစ်တယ်။
ဖြစ်ချင်တော့ ဒရုန်းတွေရဲ့ကင်မရာ ကအရမ်းကောင်းတော့ အဝေးကြီးကနေ သူတို့ကို ပစ်နေတဲ့ပုံကို အသေးစိတ်ထွက်လာတယ်။ ညနေက ပဲ တယောက်ရှဲတဲ့ပို့စ်မှာ anti-drone တွေက သူတို့ကို ခိုးသွင်းနေတဲ့သူရှိတယ်၊
အဲဒီလူကိုဖော်ထုတ်ရမယ်လို့ဖတ်ရသေး၊ ညကျ စင်ကာပူကတရားမဝင် supplier က အဖမ်းခံရပြီ။
၃။ နောက်ပြီး မနေ့က ဖြစ်စဉ်မှာ ဒုရဲမှူးအဆင့်ရှိတဲ့သူက သေနတ်ကိုင်ရတယ်ဆိုတော့ အောက်လက်ငယ်သားတွေမှာ သေနတ်မောင်းမဆွဲရဲတဲ့၊ပြည်သူကို ချိန်မပစ်ရဲတဲ့ ကြောက်စိတ်ဖြစ်နေပြီ လို့ ယူဆရတယ်။
အခုဆိုပိုဆိုးသွားပြီ၊ ဘယ်သူမှ ပြည်သူ့ဒဏ်ခတ်တာမခံချင်တော့ဘူး။
၄။ ပြည်ပ‌က သေချာတဲ့ ကောင်းသတင်းတစ်ခုက Twitter မှာ Anonymous Hacker အဖွဲ့က မြန်မာပြည်မှာ ဆက်သွယ်ရေးဖြတ်တောက်ခံရတဲ့အခြေအနေ၊ တင်းကြပ်ခံနေရတာကို သူတို့သိတယ်။
သူတို့အဖွဲ့ရဲ့မူဝါဒဟာ လူတိုင်းလွတ်လပ်စွာဆက်သွယ်ပြောဆိုခွင့်ရှိခြင်း ဖြစ်တဲ့အတွက် သူတို့ ဘာလုပ်နိုင်မလဲ၊ ကြည့်ပေးမယ်လို့ပြောတယ်။
နောက် သူတို့က မင်းအောင်လှိုင်ဟာ သူနဲ့ သူ့ရဲ့မိသားစုရဲ့ ရပိုင်ခွင့်၊ ခံစားပိုင်ခွင့်တွေကို ကာကွယ်ဖို့ နိုင်ငံတော်အာဏာသိမ်းလိုက်တာ သိသွားတယ်။ သူတို့ကတော့ သူတို့ဟာ ဟီးရိုးသူရဲကောင်း မဟုတ်ပါဘူ၊ သူတို့လုပ်နိုင်တဲ့ဖက်ကနေ ဆက်သွယ်ရေးကွန်ယက်အတွက် ဘာလုပ်နိုင်မလဲဆိုတာ အဖြေရှာပါ့မယ် လို့ Tweet သွားတယ်။
၅။ နောက် သိပ်အားကိုးလို့မရတဲ့သတင်းတစ်ခုက အမေရိကန်ရေတပ်စု Fleet နှစ်စု ရယ်၊ ပြင်သစ်က အနုမြူရေငုပ်သ‌င်္ဘောတစ်စီးရယ် တောင်တရုတ်ပင်လယ်ထဲကို ထပ်ရောက်နေတယ် ဆိုတာရယ်၊
နောက် UK က လေယာဉ်တင်သင်္ဘောဟာလည်း တောင်တရုတ်ပင်လယ်ထဲကို ဦးတည်လာနေတယ်ဆိုတဲ့သတင်းရယ်။ Op ရဲ့အဆိုအရ ဖြစ်နိုင်ခြေရှိပေမယ့်ကိုယ်တွေဖက်က မဲတင်းထားဖို့လိုပါလိမ့်မယ်။ သူ့ Conspiracy က ဘာလဲဆိုတော့ ဒီလိုထိပ်သီးနိုင်ငံကြီး နေတိုးအဖွဲ့ဝင်တွေ ဆုံကြတယ်ဆိုတာ ရှားပါတယ်။
အမေရိကန် က သူနဲ့ချစ်ကြည်ရေးဆက်ပြီး တည်တံ့စေချင်မြန်မာအရေးကို လက်ရှောင်သင့်တယ်လို့ ပြောထားတယ်။ တရုတ်မှာလည်း ဟောင်ကောင်ကိစ္စကလည်း ရှိသေးတော့ မြန်မာကို လက်လွှတ်ချင်ချင်ဖြစ်နေပြီ။
ကမ္ဘာ့ဖိအားကိုတော့ တရုတ်ကြီးရှောင်မှ ရမလိုဖြစ်နေပြီ။ ခု ပြည့်သစ္စာဖောက်စစ်တပ်ရဲ့ လုံခြုံရေးကောင်စီကနေ တင်သွင်းဖို့ကြိုးစားတဲ့ အင်တာနက်ဥပဒေမူကြမ်းကို အကောင်အထည်ပေးဖို့ ဆိုတဲ့ လက်နက်‌တွေ တရုတ်က ဆိုက်လာတဲ့လေယာဉ် တင်သွင်းလာတယ်လို့ သတင်းတစ်ခုပြန့်တယ်။
သံရုံးက ဆီးဖုတွေပါဘာညာလုပ်နေတယ်။ စခွက်လာပြောင်နေတယ်။ ခ‌ဗျားသာဆို စစ်တွေက ပင်လယ်စာ ပုသိမ်ပို့မလား။ ပင်လယ်နဲ့ တခြမ်းလောက်ထိနေတဲ့နိုင်ငံ၊ နယ်နမိတ်ချင်းလည်းထိစပ်နေတဲ့နိုင်ငံကို လေယာဉ်နဲ့ ဆီးဖုပို့တယ်တဲ့။ မသကာ ကျောက်စိမ်းတွေပါ ဆိုရင်တောင် လူတွေယုံဦးမယ်။ အေဘေး ကွန်မီတွေ။
အာဆီယံမှာတော့ မနေ့က အတည်ပြုမရသေးတဲ့ သတင်းကတော့ ဘင်္ဂလားဒေ့ရှ်ကို လူ၂သန်းလက်ခံမယ်လို့ ရခိုင်စစ်တိုင်းမှူးနဲ့ မေးခိုင်းလိုက်တယ်။ ဟိုကလက်ရှောင်တယ်။
ဒီနေ့ အတည်ပြုသတင်းကတော့ ထိုင်းကို သူ့ရဲ့ဒီမိုကရေစီဆိုတာကြီး စပ်ပို့ဖို့ သွားမေးတယ်။ ပရားယား က ငါတောင်ယားလို့ ဖင်မကုတ်အားဘူးပြန်ပြောလိုက်တယ်။ သူကဖုနေတာ၊ သူလည်းအာဏာသိမ်းထားတဲ့ အချိန်မှာ ထိုင်းပြည်သူတွေကပါ သံပုံးတီး၊ CDM တွေစပြီး လိုက်လုပ်နေကြပြီ။
ဒီတော့ ပုံမှန်အတိုင်း CDM တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်နိုင်မယ်ဆို၊ သံပုံးတီး၊ ဆန္ဒထုတ်ဖော်ချီတက်ရတဲ့နေ့တွေ အဆုံးသတ်ဖို့ မဝေးတော့ဘူးလို့ မျှော်လင့်ရမလိုပါပဲ။
၆။ ဒါပေမယ့် သေချာသိသွားဝာာတစ်ခုက ပြည့်အာဏာ ပြည်သူ့မှာသာရှိတယ်ဆိုတာ အရင်တုန်းက နိုင်ငံရေးစာအုပ်၊ စာပေတွေမှာ ဘယ်လောက်ဖတ်ဖတ် တကယ်ကိုဟုတ်တယ်လို့ မထင်ခဲ့ဘူး။
မြင်လို့မရခဲ့ဘူး။ အမှောင်ခေတ်မှာ မွေးလာရတာကိုး။ အခုမှပဲ တကယ့် People’s Power ပြည်သူ့အင်အား ဆိုတာ မျက်ဝါးထင်ထင်မြင်ရတော့တယ်။ ကျေးဇူးပါ GenZ များ
သတင်းတွေစုပြီးသေချာတဲ့ဟာတွေ ရွေးစုထားတာပါ…
About the author
Aone
View all posts
Leave a Reply
Your email address will not be published. Required fields are marked *